ကန့်ဘလူမြို့နယ်အတွင်း အောက်တိုဘာလအတွင်း ပွဲရုံများ၌ အရောင်းအဝယ်ဖြစ်နေသော သီးနှံများ

Powered by Drupal

      စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူခရိုင်ဦးစီး မှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ပေးရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးနှင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများဖြင့် နိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်စေရန် ဟူသော မျော်မှန်းချက် နှင့်အညီ အသင်းအဖွဲ့များ အစုအဖွဲ့များ ဖွဲ့စည်း၍ ပိုမိုအားကောင်းလာစေရေး ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။ ပွဲရုံများ၏ သီးနှံဈေးနှုန်းများနှင့် အရောင်းအဝယ်ဖြစ်မှုများကိုလည်း  တင်း/ တန် စာရင်းများဖြင့် အပတ်စဉ်၊ လစဉ် တင်ပြလျက်ရှိပါသည်။

              ကန့်ဘလူပွဲရုံများအနေဖြင့် ၂၀၂၃ခုနှစ် စက်တင်ဘာလနှင့်အောက်တိုဘာ လဆန်းပိုင်းတို့တွင် အရောင်း အဝယ် ဖြစ်နေသော သီးနှံအမျိုးအစားများ၊ ဈေးနှုန်းများနှင့် အဝင် /အထွက် တင်း/တန်များ၏ အရောင်း အဝယ်ဖြစ်မှု အခြေအနေများမှာ ပြောင်းဆံ (၁၃၅၀)တင်း/(၁၃၀.၇၀)တန် ဈေးနှုန်းမှာ (၁၅၅၀၀)ကျပ်၊ မြေပဲအတောင့် (၃၀၀) တင်း/(၂၈.၀၆)တန် ဈေးနှုန်းမှာ (၃၀၀၀၀)ကျပ် ၊ ပဲတီစိမ်း (၇၀)တင်း/(၆.၄၃)တန် ဈေးနှုန်းမှာ ပဲတီစိမ်း တစ်တင်းလျှင် (၅၅၀၀၀) ဈေးရှိပါသည်။ နေကြာ (၁၀၀)တင်း/(၄.၄၁)တန် ဈေးနှုန်းမှာ (၄၃၀၀၀)ကျပ်၊ နှမ်းဖြူ(၂၀)တင်း/(၁.၄၇)တန် ဈေးနှုန်းမှာ (၁၁၅၀၀၀)ကျပ်၊ နှမ်းနက်(၆၀)တင်း/(၄.၄၁)တန် ဈေးနှုန်းမှာ(၁၀၀၀၀၀)ဈေး  ယခုကာလများဆိုလျှင်  ပြောင်းဆံ အဝင်/အထွက် ပေါများချိန်ဖြစ်ပြီး ကန့်ဘလူမြို့နယ်၌ အနောက်မြောက်ဖက်ခြမ်းမှ ကျေးရွာများဖြစ်သည့် စန္ဒယားကျေးရွာ၊ ကျောက်အိုင်ကျေးရွာ၊ ကံသာလှကျေးရွာ၊ ကန့်ဇွန်းအင်းကျေးရွာများနှင့် မြို့ပေါ် ရပ်ကွက်(၅)ခုတို့မှ အရောင်းအဝယ်ပေါများကြောင်းနှင့် ယခင်နှစ်များမှာဆိုလျှင် ပြောင်းဆံများ တင်းပေါင်းထောင်ချီဝင်ကာ မိမိတို့ပွဲရုံမှ သီးနှံများကို မန်းလေးမြို့ ဇောတိကပွဲရုံသို့ တင်ပို့ရောင်းချ လျက်ရှိကြောင်း ကန့်ဘလူမြို့ပေါ်ရှိ  ပွဲရုံပိုင်ရှင်တစ်ဦးထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)