စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်တာဝန်ခံ ဦးမြင့်သူသည် လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများနှင့် ပူးပေါင်း၍ ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ ၁၇ရက်နေ့၊ နေ့လယ်ပိုင်းတွင် တောင်ငူမြို့နယ်၊ ပဲချက်ကုန်းကျေးရွာ၊ ဘုန်းတော်ကြီးကျောင်း၌ ပဲချက်ကုန်းကျေးရွာရှိ တောင်သူလယ်သမားများနှင့် မိသားစုဝင်များအားတွေ့ဆုံ၍ အသိပညာပေးဟောပြောခဲ့ပါသည်။
အဆိုပါဟောပြောပွဲတွင် မြို့နယ်တာဝန်ခံက စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ စားသုံးသူနစ်နာဆုံးရှုံးမှုမဖြစ်စေရေးအတွက် စစ်ဆေးရေးအရာရှိများခန့်အပ်၍ ဈေးကွက်စောင့် ကြည့်ဆောင်ရွက်နေမှုများ၊ စားသုံးသူနစ်နာဆုံးရှုံးမှုများအတွက် တိုင်ကြားလာမှုများကို ဖြေရှင်းဆောင်ရွက်ပေးနေမှုများ၊ ကုန်စည်များဝယ်ယူရာတွင် ကုန်အညွှန်းအမှတ်အသားများကို ဦးစားပေးဖတ်ရှုသင့်ပုံနှင့် ကုန်အညွန်းအမှတ်အသားအတိုင်း လိုက်နာသုံးစွဲသင့်ပုံများကို ဟောပြောဆွေးနွေးခဲ့ပါသည်။
ထို့အတူ လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးမျိုးသန့်နှင့် စိုက်ပျိုးရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဦးခန့်ထည်တို့ကလည်း သက်ဆိုင်ရာဌာနများအလိုက် ကျေးရွာနေပြည်သူများသိသင့်သိထိုက်သည်များကို အသိပညာပေးဟောပြောခဲ့ကြောင်းနှင့် ဟောပြောပွဲသို့ ကျေးရွာနေတောင်သူလယ်သမားကြီးများနှင့် မိသားစုဝင် ၂၄ဦးတက်ရောက်ခဲ့ကြကြောင်းသိရပါသည်။
DOCA(ပဲခူး)