Green Office & Clean Office ဖြစ်စေရေး သီးပင်စားပင်များအား စဉ်ဆက်မပြတ်ပြုစုပေး

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် အထက်ဌာနအကြီးအကဲများ၏ လမ်းညွှန်မှုဖြစ်သော Green Office & Clean Office ဖြစ်စေရေးအတွက် အပတ်စဉ် သောကြာနေ့တိုင်း မိမိရုံးပတ်ဝန်းကျင်သန့်ရှင်းသာယာလှပရေး/ စိမ်းလန်းစိုပြေရေး ရုံးတွင်း/ ရုံးပြင်သန့်ရှင်းရေးနှင့် ပန်းအလှပင်များ၊ သီးပင်စားပင်များ စိုက်ပျိုးပြုစုခြင်းတို့ဆောင်ရွက်လျက်ရှိပါသည်။

     ထိုသို့ စိုက်ပျိုးရာတွင် နှစ်ရှည်စားပင်များဖြစ်သော ကြောင်လျှာပင်၊ ဒန့်ဒလွန်ပင်၊ သရက်ပင်၊ မာလကာပင်များ၊ ရာသီသီးနှံများဖြစ်သော ဘူးပင်၊ ချဉ်ပေါင်ပင်၊ သင်္ဘောပင်၊ ကန်စွန်းပင်၊ ငရုတ်နှင့် ပင်စိမ်းပင်တို့အား ဝန်ထမ်းများစုပေါင်း၍ စိုက်ပျိုးခဲ့ကြပါသည်။

    မကွေးခရိုင်ဦးစီးမှူးရုံးအရှေ့ ဝရန်တာ၌ မျက်စိပသာဒဖြစ်စေရန် စိုက်ပျိုးထားသောပန်းအလှပင်များမှာ ကတ္တီပါရွက်လှ (Coleus)၊ လဝန်းဂမုန်း (Plantain Lilier)၊ ကျောက်စိမ်းဂမုန်း  (Zamioculcar Zamiiolia)၊ ဂန္တရားနှင်းဆီ (Aelemium Obesum)၊ ဂျပန်စပယ် (Arabian Jasmine)၊ ရွက်လှ (Garden Crotan)၊ ယုဇန (Java Cola)၊ ရှင်သီဝလိ (Spathiphyllam Wallisii)၊ စီးပွားဂမုန်း (Chinese Evergreen)၊ တောထန်း (Livistona)၊ နွယ်လိမ်ဂမုန်း (Spider Plant)၊ အနက်ဆင်ဂမုန်း (Pin- Stripe Calathea)၊ နဂါးဆက်ဂမုန်း (Dracaena Thifasciata Snake Plant) နှင့် အိမ်တော်မင်္ဂလာ (Aglaonema Crete) ပင်တို့ဖြစ်ကြပြီး ရုံးဝန်းမြောက်ဘက်ရှိ မြေလွတ်နေရာများ၌ ဝန်ထမ်းများစုပေါင်း၍ သီးပင်စားပင်များစိုက်ပျိုးခြင်းဖြင့် ဝန်ထမ်းများစုပေါင်းလုပ်ကိုင်လိုစိတ် (Team Work) ဖြစ်စေခြင်း၊ ထွက်ရှိလာသောအသီးအရွက်တို့ကို အလွယ်တကူခူးဆွတ်စားနိုင်ပြီး ကုန်စျေးနှုန်းကြီးမြင့်မှုအပေါ် နေ့စဉ် စားသောက်စရိတ်အတွက် စျေးဖိုးကာမိသည့်အပြင် မိမိတို့စိုက်ပျိုးသည့်အပင်များမှ လတ်လတ်ဆတ်ဆတ်ခူးစားရသောကြောင့် ပိုးသတ်ဆေးအန္တရာယ်ကင်းရှင်းခြင်း၊ ကျန်းမာခြင်း၊ ဝန်ထမ်းသက်သာထောက်ပံ့ရေးအတွက်လည်း အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

DOCA(မကွေး)