ပြည်ပဲလွမ်းဖြူသီးနှံဈေးကွက်အတွင်း ဈေးအနိမ့်ဖြင့်သာ ရောင်းချနေခဲ့

Powered by Drupal

   ပြည်ပဲမျိုးစုံဈေးကွက်အတွင်း အခြားပဲများဈေးကောင်းရနေသော်လည်း ပဲလွမ်းဖြူသီးနှံအနေဖြင့် ဈေးအနိမ့်ဆုံးဖြင့်သာ ရောင်းဝယ်နေရသည့် ပဲသီးနှံဖြစ်ခဲ့ပါသည်။ ပိဿာ (၂၀)တစ်တင်းလျှင် (၅၇၀၀၀)ကျပ်ဖြင့် အခြားပဲအားလုံးထက် ဈေးလျော့နေခဲ့ပြီး လက်လီသမားများ နေ့စဉ် ဝယ်ယူမှုရှိကြတယ်လို့ သိရပါသည်။ ပဲသစ်ဝင်ရောက်မှု့မရှိသေးသော်လည်း လက်ကျန်ပဲ အနည်း ငယ်ဖြင့် ရောင်းဝယ်နေကြပါသည်။ ယခင်နှစ်က ပဲလွမ်းဖြူသီးနှံဈေးမှာ ပဲဈေးကွက်အတွင်း ထောပတ်ပဲ၊ ပဲနီပြားစသည့်ပဲများနှင့် ယှဉ်လျှင် ဈေးပြိုင်ရ တစ်တင်း (၅၀၀၀၀)ကျပ် ရရှိခဲ့ကြောင်း၊ ယခုနှစ်တွင် ထောပတ်ပဲ၊ ပဲနီပြားသီးနှံများ ဈေးသိသိသာသာမြင့်တက်ခဲ့ပြီး ပိဿာ (၂၀) တစ်တင်း (၁)သိန်း ကျော်ရရှိကြောင်း၊ ပဲလွမ်းဖြူသီးနှံမှာ ယခင်နှစ်ဈေးထက် ဈေးအနည်းငယ်သာ ပိုရနေခဲ့သောကြောင့် ယခုနှစ်ပဲလွမ်းဖြူသီးနှံသည် ပဲဈေးကွက်အတွင်းဈေးအနိမ့်ဆုံးဖြင့် ရောင်းဝယ်နေရသည့် သီးနှံဖြစ်ကြောင်း လေ့လာသိရှိရပါသည်။

DOCA(ပဲခူး)