တစ်ဖက်တစ်လမ်းမှ ဝင်ငွေရရှိသော ငွေနှင်းမှို

Powered by Drupal

   ဈေးကွက်အတွင်းတွင် အိမ်ရှင်မများချက်ပြုတ်စားစရာ အရန်ဟင်းတစ်မျိုးဖြစ်သော ငွေနှင်းမှိုကို ရောင်းချလျက်ရှိရာ ငွေနှင်းမှိုအား စိုက်ပျိုး၍ရောင်းချသူများအနေဖြင့်  မှိုမျိုးစေ့ထုတ် တစ်ထုပ်လျှင် (၇၅၀)ကျပ်ဖြင့်ဝယ်ယူ၍ မိမိအိမ်တွင် တနိုင်တပိုင်စိုက်ပျိုးရောင်းချကြသဖြင့် တစ်ဖက်တစ်လမ်းမှ ဝင်ငွေရရှိနေသော စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်ပါသည်။ မှိုမျိုးစေ့ထုပ်များအား အမိုးရှိ၍ အေးသောနေရာတွင်ထားပြီး အထုပ်စိုရုံ ရေကို တစ်နေ့နှစ်ကြိမ်ဖျန်းပေးခြင်းအားဖြင့် ထူးထူးခြားခြား ဆေးကျွေးစရာမလိုဘဲ အဖူးများထွက်ရှိလာကာ (၂)ရက်အကြာတွင် စတင်ခူးဆွတ်နိုင်ပါသည်။ မှိုမျိုးစေ့တစ်ထုပ်လျှင် အနည်းဆုံး (၃၀)ကျပ်သားအထိ ထွက်ရှိပါသည်။ မှိုစေ့အထုပ် သက်တမ်းမှာ (၄)လခန့်ကြာပြီး တစ်လလျှင် (၄)ကြိမ် ပုံမှန်ခူးဆွတ်နိုင်သည်ဟုသိရပါသည်။ ထိုသို့ မှိုကိုစိုက်ပျိုးရာတွင် နေရာအကျယ်အဝန်းများများစားစားမလို အရင်းအနှီးနည်းနည်းဖြင့် မိသားစုတနိုင်တပိုင်ဝင်ငွေရရှိနိုင်သောကြောင့် ငွေနှင်းမှိုအား စိုက်ပျိုးသင့်ပါသည်။

    ယခုအခါ ဈေးကွက်အတွင်းတွင် ငွေနှင်းမှို တစ်ပိသာလျှင် (၅၀၀၀)ကျပ်ဈေးဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)