ကော့မှူးမြို့နယ်၌ စားအုန်းဆီ လက်လီ/လက်ကားအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေး

Powered by Drupal

   ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်ဦးစီးမှူးရုံးလက်အောက်ရှိ ကော့မှူးမြို့နယ်တာဝန်ခံ ဦးတင်မင်းသည် ကော့မှူးမြို့နယ်အတွင်းရှိ စည်ပင်သာယာမြို့မဈေးအပြင်၌ စားအုန်းဆီ လက်လီ/လက်ကားဖြန့်ဖြူးရောင်းချလျက်ရှိသော ဆီကိုယ်စားလှယ်ဆိုင်၏ ဆီရောင်းချနေမှုအခြေအနေများကို အောက်တိုဘာလ (၁၆)ရက်နေ့၊ နံနက် (၉:၃၀)နာရီအချိန်တွင် တာဝန်ရှိသူများ သွားရောက်၍ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

   ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် ကော့မှူးမြို့နယ်၊ စည်ပင်သာယာမြို့မဈေးအပြင်ရှိ ရပ်ကွက်များတွင် မြန်မာနိုင်ငံဆီကုန်သည်များအသင်းမှ ရောင်းချခွင့်ပေးထားသည့် စားအုန်းဆီ အရောင်းဆိုင်များဖြစ်သော ဦးသိန်းထွဋ်နှင့် ဦးမျိုးငြိမ်းဦးဆီဆိုင်တို့တွင် လက်လီ/လက်ကားဖြန့်ဖြူးရောင်းချနေမှုများကို တွံတေးခရိုင်အုပ်ချုပ်ရေးမှူးဦးဆောင်၍ ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်(၁)၊ ကော့မှူးမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူးအဖွဲ့ဝင်(၁)၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနမှ အမှုဆောင်အရာရှိနှင့်  စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံတို့ပူးပေါင်းအဖွဲ့က  စားအုန်းဆီလက်လီ/လက်ကားဖြန့်ဖြူးရောင်းချနေမှုအခြေအနေများ၊ စားအုန်းဆီဖြန့်ဖြူး ရောင်းချရာတွင် စားအုန်းဆီတင်သွင်း/သိုလှောင်/ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီအနေဖြင့် ရန်ကုန်အထိုင်အခြေခံလက်ကားရည်ညွှန်ဈေးအား သယ်ယူစရိတ်အပါ (၂)ရာခိုင်နှုန်းအမြတ်ယူပြီး မိမိတို့မြို့နယ်ရှိ ရပ်ကွက်၊ ကျေးရွားများရှိ ဆီအရောင်းဆိုင်များနှင့် မိမိတို့၏ဆိုင်များတွင် လာရောက်ဝယ်ယူသူများကိုရောင်းချပေးရန်၊ စားအုန်းဆီလိုအပ်မှုရှိပါက မိမိတို့မြို့နယ်ရှိ သက်ဆိုင်ရာဌာနများကို တင်ပြတောင်းခံကြရန်၊ စားအုန်းဆီလိုအပ်လျက်ရှိသော အသေးစား၊ အလတ်စားလုပ်ငန်းရှင်များအတွက် မြန်မာနိုင်ငံဆီကုန်သည်များအသင်းသို့ တင်ပြပြီးဖြစ်ကြောင်း ကော့မှူးမြို့နယ်၊ ဆီကိုယ်စားလှယ်များအချိန်မီ စားအုန်းဆီထုတ်ယူ/ဖြန့်ဖြူးရောင်းချနိုင်ရေးအတွက် စားအုန်းဆီဈေးနှုန်းတည်ငြိမ်စေရေးလုပ်ငန်းအဖွဲ့က ကုမ္ပဏီအလိုက်ရောင်းချပေးသည့် လက်လီ/ လက်ကားဆိုင်များစာရင်းကို ထုတ်ပြန်ကြေညာပေးလျက်ရှိကြောင်း လုပ်ငန်းရှင်များအား အသိပညာပေးပြောကြားခဲ့ပြီး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရပါသည်။ 

DOCA(ရန်ကုန်)