စားသုံးသူရေးရာဉီးစီးဌာန၊ မြောက်ပိုင်းခရိုင်ဉီးစီးမှူးရုံးမှ ဒေါ်နီလာဦး၊ ဒု-ဉီးစီးမှူးနှင့်ဝန်ထမ်းများ၊ အင်းစိန်မြို့နယ်၊ ပြည်သူ့ကျန်းမာရေးဉီးစီးဌာန ဒေါက်တာဝင်းမြင့်သူနှင့်ဝန်ထမ်း (၂)ဦးတို့သည် (၁၈-၁၀-၂၀၂၃) ရက်နေ့၊ နေ့လယ်(၁၃:၀၀)နာရီအချိန်တွင် အင်းစိန်မြို့နယ်အတွင်းရှိ ဆေးဆိုင်များသို့ Parbisure အမှတ်တံဆိပ် (IV/HV Injection)ဆေးနှင့်ပတ်သက်၍ ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် အင်းမြို့နယ်အတွင်းရှိ လမ်းသစ်လမ်း၊ နံ့သာကုန်းရပ်ကွက်နှင့် မင်းကြီးလမ်း၊ အရှေ့ရွာမရပ်ကွက်တို့ရှိ ဆေးပစ္စည်းအမျိုးမျိုးနှင့် ဆေးဆိုင်များတွင် တရားဝင်ဆေးဝါးမှတ်ပုံတင်ခွင့်ပြုအမှတ် DRC No. နှင့် Insert ပါရှိခြင်းမရှိသော Parbisure အမှတ်တံဆိပ် (IV/HV Injection) ဆေးများကိုရောင်းချခြင်းမရှိကြောင်း စစ်ဆေး တွေ့ရှိခဲ့သည်။ နောင်တွင်လည်း ယခုကဲ့သို့ တရားမဝင်ဆေးဝါးများကိုရောင်းချခြင်းမပြုရန် ဆေးဝါးရောင်းချသူများကို အသိပညာပေးပြောကြားခဲ့ကြောင်းသိရှိရပါသည်။
DOCA(ရန်ကုန်)