စားသုံးသူရေးရာဦးစီးဌာန၊ ဘီးလင်းမြို့နယ်၊ မြို့နယ်တာဝန်ခံရုံးမှဝန်ထမ်းများသည် (၂၄-၁၀-၂၀၂၃) ရက်နေ့တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်း၍ ဘီးလင်းမြို့၊ ဘိုးရာဇာရပ်ကွက်၊ မင်္ဂလာဈေးအတွင်းရှိ ကုန်စုံဆိုင်များတွင် ဟင်းခတ်အချိုမှုန့်အမျိုးမျိုးတို့အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားမှုရှိ/မရှိ၊ သက်ဆိုင်ရာဌာနများမှ ထောက်ခံချက်ပါရှိမှုရှိ/မရှိတို့ကိုစစ်ဆေးခဲ့ရာ ဈေးကွက်အတွင်း၌ စားသုံးရန်သင့်သော၊ ဘေးအန္တရာယ်ကင်းသောဟင်းခတ်အချိုမှုန့်များကိုသာ တင်သွင်းရောင်းချကြောင်းသိရှိရပြီး စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံက ကုန်စုံဆိုင်လုပ်ငန်းရှင်များအား ဈေးကွက်အတွင်း စားသောက်ကုန်စည်များတင်သွင်းရောင်းချရာတွင် စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းသောကုန်စည်များကိုသာ တင်သွင်းရောင်းချမှုပြုရန်နှင့် သက်ဆိုင်ရာဌာနများမှတားမြစ်ထားသော ခွင့်ပြုချက်မပါရှိသောကုန်စည်များကိုရောင်းချမှုမပြုရန် အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(မွန်)