မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ ဆေးဆိုင်များအား ကွင်းဆင်းစစ်ဆေး

Powered by Drupal

      စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး၏ ကြီးကြပ်မှုအောက်ရှိ အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ စားသုံးသူရေးရာဦးစီးဌာန၊ အရှေ့ပိုင်းခရိုင်ရုံးမှ ဦးနေလင်း (စစ်ဆေးရေးမှူး)နှင့် တာဝန်ရှိဝန်ထမ်းများသည် (၂၀-၁၀-၂၀၂၃) ရက်နေ့၊ နံနက် (၁၁:ဝဝ) နာရီအချိန်တွင် မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရွှေပြည့်စုံဈေးနှင့် မင်္ဂလာဈေး၊ ဆေးဆိုင်များရှိ ‌ဆေးဝါးများမှ Parbisure သည် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) ၏ ထောက်ခံချက်မရှိဘဲ ရောင်းချခြင်းရှိ/မရှိကို မင်္ဂလာတောင်ညွန့်မြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှဝန်ထမ်းများ၊ ဈေးတာဝန်ခံများနှင့် တာဝန်ရှိသူများပူးပေါင်းအဖွဲ့စုံဖြင့် ဈေးကွက်စစ်ဆေးခဲ့ကြပါသည်။

  ထို့နောက် ဆေးဆိုင်များရှိ ဆေးဝါးများကိုစစ်ဆေးခြင်းနှင့် ဆေးဆိုင်ပိုင်ရှင်များ၊ ဆိုင်တာဝန်ခံများနှင့်တွေ့ဆုံပြီး ဆေးဝါးများဖြန့်ဖြူးရောင်းချရာတွင် သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်ရှိသောဆေးဝါးများကိုသာရောင်းချရန်နှင့် စားသုံးသူရေးရာဦးစီးဌာန၏ စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားပြဋ္ဌာန်းခြင်းဆိုင်ရာဖော်ပြချက်များကို လိုက်နာရန်လိုအပ်ကြောင်း၊ လိုက်နာမှုမရှိပါက သက်ဆိုင်ရာဌာနများ၏ ဥပဒေ၊ နည်းဥပဒေနှင့် လုပ်ထုံးလုပ်နည်းများအတိုင်း အရေးယူခံရနိုင်ကြောင်း အသိပညာအပေးပြောကြားခဲ့ရာ ရွှေပြည့်စုံဈေးတွင် ဆိုင်(၁၁)ဆိုင်နှင့် မင်္ဂလာ‌ဈေးတွင် ဆေးဆိုင် (၈)ဆိုင်တို့အား စစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)