မင်္ဂလာဒုံမြို့နယ်ရှိ Terminal M Shopping Mall အား ရှောင်တခင်ကွင်းဆင်းစစ်ဆေး

Powered by Drupal

    မင်္ဂလာဒုံမြို့နယ်ရှိ Terminal M Shopping Mall သို့ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဉီးစီးဌာနမှ ဒေါ်ခိုင်သင်းဦး၊ ဉီးစီးအရာရှိပါ (၂)ဦး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဉီးအေးကျော်၊ ရုံးအုပ်၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဉီးစီးဌာနမှ ဉီးဟောက်ခန့်ခိုင်၊ ကျန်းမာရေးမှူး၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ ဒေါ်စန်းစန်းသွင်၊ ကျန်းမာရေးမှူး-၁နှင့် စားသုံးသူရေးဉီးစီးဌာန၊ မြောက်ပိုင်းခရိုင်ဉီးစီးမှူးရုံးမှ ဒေါ်ခိုင်ရွှေ၊ ဒုကြီးကြပ်ရေးမှူးပါ (၂)ဦးတို့သည် (၂၄-၁၀-၂၀၂၃) ရက်နေ့၊ နံနက်(၁၀:၁၅)နာရီအချိန်တွင် Terminal M Shopping Mall အား ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

   ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် အစားအသောက်၊ ဆေးဝါးနှင့် အလှကုန်ပစ္စည်းများ ဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် အရည်အသွေးပြည့်မီစေရေးတို့အတွက် ဈေးကွက်မတင်မီနှင့် ဈေးကွက်တင်ပြီးသော အစားအသောက်၊ ဆေးဝါးနှင့်အလှကုန်များစစ်ဆေးခြင်းကို စဉ်ဆက်မပြတ် အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်ခဲ့ပြီး Labelling ပြည့်စုံစွာရှိ/မရှိ ပထမကွင်းဆင်းစစ်ဆေးပြီး ဒုတိယအကြိမ်ကိုလည်း ထပ်မံစစ်ဆေးသွားမည်ဖြစ်ရာ မပြည့်စုံလျှင် လုပ်ငန်းရှင်များကို စာဖြင့်သတိပေးထုတ်ပြန်ပြီး တတိယအကြိမ်စစ်ဆေးချိန်၌ ပြည့်စုံမှုမရှိလျှင် ဥပဒေအရ တရားစွဲဆိုမည်ဖြစ်ကြောင်း ရှင်းလင်းအသိပေးပြောကြားခဲ့ပါသည်။

DOCA(ရန်ကုန်)