စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ လမ်းညွှန်ချက်ဖြင့် ကျွန်းလှမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ ဗိုလ်မှူးဝင်းဇော်ထွန်း၊ ကျွန်းလှမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဒုတိယဦးစီးမှူး ဒေါ်ယွန်းမီမီထွန်း၊ ကျွန်းလှမြို့နယ်၊ လယ်စီအင်းမှ ဦးစီးအရာရှိ ဦးအောင်မင်းနှင့် စားသုံးသူရေးရာ ဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဒေါ်ဝေဝေအောင်တို့ပူးပေါင်းကာ (၃၁-၁၀-၂၀၂၃) ရက်နေ့၊ နံနက်(၀၉း၀၀)နာရီအချိန်တွင် ကျွန်းလှမြို့ပေါ်ရှိ ဌာနဆိုင်ရာရုံးဝင်းများနှင့် ဝန်ထမ်းအိမ်ရာဝင်းများအတွင်း စားဖိုဆောင်သီးနှံတစ်နိုင်တစ်ပိုင်စိုက်ပျိုးထားရှိမှုအခြေအနေများကို ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။
အဆိုပါ ကွင်းဆင်းစစ်ဆေးရာ၌ ကျွန်းလှမြို့ပေါ်ရှိ ဌာနဆိုင်ရာရုံးဝင်းများနှင့် ဝန်ထမ်းအိမ်ရာဝင်းများအတွင်းရှိ မြေကွက်လပ်များတွင် မိမိတို့ဌာနရှိ ဝန်ထမ်းများ စားဝတ်နေရေးအဆင်ပြေစေရန်အတွက် စားဖိုဆောင်သီးနှံများစိုက်ပျိုးခြင်းများဆောင်ရွက်ရန်နှင့် စားဖိုဆောင်ရာသီသီးနှံများ တစ်နိုင်တစ်ပိုင်စိုက်ပျိုးထားရှိရန် အထက်အဆင့်ဆင့်က ညွှန်ကြားထားပြီးဖြစ်ရာ စားဖိုဆောင်ရာသီသီးနှံများစိုက်ပျိုးထားရှိမှုရှိ/မရှိ၊ စိုက်ပျိုးထားရှိသည့်စားပင်သီးပင်များ အောင်မြင်ဖြစ်ထွန်းမှုရှိ/မရှိနှင့် စိုက်ပျိုးရန် မြေနေရာရှိပြီး စိုက်ပျိုးထားခြင်းမရှိသည့်ဌာနများတွင် စားဖိုဆောင်ရာသီသီးနှံများစိုက်ပျိုးရေး ကြပ်မတ်ဆောင်ရွက်သွားရန်နှင့် ဌာနအလိုက် စားဖိုဆောင်ရာသီသီးနှံများစိုက်ပျိုးထားရှိမှုအခြေနေကို အပတ်စဉ်စစ်ဆေး၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့သို့တင်ပြရန်အတွက် ကွင်းဆင်းစစ်ဆေးရာ၌ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)