ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ သိမ်ဖြူဈေးကြီးသို့ ဘုရင့်နောင်ကုန်စည်ဒိုင်နှင့် ရှမ်းပြည်နယ်တို့မှ ကြက်သွန်ဖြူ၊ ကြက်သွန်နီများသည် ကား/ရထားတို့ဖြင့် နေ့စဉ်ဝင်ရောက်လျက်ရှိပြီး လက်လီ/လက်ကားပြန်လည်ရောင်းချလျက်ရှိရာ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ စတုတ္ထပတ်အတွင်း ကြက်သွန်နီ(ဆိပ်ဖြူ)အဝင် ၃၃၆၀၀ ပိဿာနှင့် ကြက်သွန်ဖြူ(ကြူကုတ်) ၉၈၀၀ ပိဿာ ဝင်ရောက်ခဲ့ကြောင်းနှင့် ကြက်သွန်နီ(ဆိပ်ဖြူ) လက်ကားဈေးမှာ တစ်ပိဿာလျှင် ၃၄၀၀/- ကျပ်မှ ၄၂၀၀/- ကျပ်ထိဖြစ်ပြီး ကြက်သွန်ဖြူ (ကြူကုတ်) လက်ကားဈေးမှာ တစ်ပိဿာလျှင် ၁၂၀၀၀/- ကျပ်မှ ၁၄၅၀၀/- ကျပ်ထိ ဖြစ်ပေါ် လျက်ရှိကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)