Main menu

သိမ်ဖြူဈေးတွင်ဖြစ်ပေါ်ခဲ့သော ကြက်သွန်ဖြူ၊ ကြက်သွန်နီ လက်ကားဈေးနှုန်းများ

Powered by Drupal

   ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာ‌တောင်ညွန့်မြို့နယ်၊ သိမ်ဖြူဈေးကြီးသို့ ဘုရင့်နောင်ကုန်စည်ဒိုင်နှင့် ရှမ်းပြည်နယ်တို့မှ ကြက်သွန်ဖြူ၊ ကြက်သွန်နီများသည် ကား/ရထားတို့ဖြင့် နေ့စဉ်ဝင်ရောက်လျက်ရှိပြီး လက်လီ/လက်ကားပြန်လည်ရောင်းချလျက်ရှိရာ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ စတုတ္ထပတ်အတွင်း ကြက်သွန်နီ(ဆိပ်ဖြူ)အဝင် ၃၃၆၀၀ ပိဿာနှင့် ကြက်သွန်ဖြူ(ကြူကုတ်) ၉၈၀၀ ပိဿာ ဝင်ရောက်ခဲ့ကြောင်းနှင့် ကြက်သွန်နီ(ဆိပ်ဖြူ) လက်ကားဈေးမှာ တစ်ပိဿာလျှင်  ၃၄၀၀/- ကျပ်မှ ၄၂၀၀/- ကျပ်ထိဖြစ်ပြီး  ကြက်သွန်ဖြူ (ကြူကုတ်) လက်ကားဈေးမှာ တစ်ပိဿာလျှင်  ၁၂၀၀၀/- ကျပ်မှ ၁၄၅၀၀/- ကျပ်ထိ ဖြစ်ပေါ် လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)