Main menu

“ရာသီပေါ်တယ်သီးများ ဈေးကွက်အတွင်း အဝယ်သွက်ပြီး ဈေးကောင်းရရှိနေ”

Powered by Drupal

      လားရှိုးမြို့ရှိ ရာသီစာတယ်သီး ဈေးကွက်သည် လက်ရှိတွင် ဒေသတွင်း သယ်ယူပို့ဆောင်ရေး အခြေအနေများနှင့် ရာသီဥတုအပြောင်းအလဲများကြားမှ ပုံမှန်အတိုင်း လည်ပတ်လျက်ရှိသည်။ ရှမ်းပြည်နယ်မြောက်ပိုင်း အေးမြသော ရာသီဥတုတွင် ဖြစ်ထွန်းသည့် တယ်သီးသည် ဒေသခံများ သာမက အခြားမြို့ကြီးများကပါ အကြိုက်တွေ့သည့် ရာသီစာ သစ်သီးဝလံတစ်ခု ဖြစ်သည်။

        လားရှိုးမြို့ပေါ်ရှိ မြို့မဈေးကြီးနှင့် ရပ်ကွက်ဈေးများရှိ တယ်သီးဈေးနှုန်းများမှာ ဈေးကွက် အတွင်း ကုန်ကျစရိတ်နှင့် သယ်ယူပို့ဆောင်ရေး စရိတ်များအပေါ် မူတည်၍ တယ်သီးဈေးနှုန်းများမှာ အပြောင်းအလဲ ရှိနေသည်။ အလုံးကြီး (ရှယ်ဆိုဒ်) တစ်လုံးလျှင် ၃,၀၀၀ ကျပ်မှ ၃,၅၀၀ ကျပ် ဝန်းကျင်ခန့်၊ အလတ်ဆိုဒ် တစ်လုံးလျှင် ၂,၀၀၀ ကျပ်မှ ၂,၅၀၀ ကျပ် ဝန်းကျင်ခန့်၊ အသေးဆိုဒ် တစ်လုံးလျှင် ၂,၀၀၀ ကျပ်မှ ၂,၅၀၀ ကျပ် ဝန်းကျင်ခန့် ရှိကြောင်း သိရှိရသည်။

       လားရှိုးမြို့ပေါ်ရှိ အိမ်ခြံဝင်းအချို့တွင် တစ်ပိုင်တစ်နိုင် စိုက်ပျိုးကြသလို၊ အနီးနားရှိ စိုက်ပျိုးရေးခြံများမှလည်း လားရှိုးမြို့မဈေးသို့ လာရောက်ရောင်းချကြသဖြင့် လတ်ဆတ်သော ရာသီစာအဖြစ် ဒေသခံများ အဝယ်လိုက်လျက်ရှိသည်။ ဒေသထွက် တယ်သီးများကို လားရှိုးမှ တစ်ဆင့် မန္တလေးနှင့် ရန်ကုန် အစရှိသည့် မြို့ကြီးများသို့ အဓိက ကုန်စည်စီးဆင်းမှု လမ်းကြောင်းများ အတိုင်း တင်ပို့ရောင်းချလျက်ရှိသည်။

        တယ်သီးသည် အာဟာရဓာတ် ကြွယ်ဝပြီး ကျန်းမာရေးနှင့် ညီညွတ်သည့် ရာသီစာဖြစ်သဖြင့် စားသုံးသူထံအရောက်တွင် ဈေးနှုန်းအနည်းငယ် မြင့်တက်နေသော်လည်း လားရှိုးဈေးကွက်အတွင်း အရောင်းအဝယ် ပုံမှန်ဖြစ်ထွန်းနေသည့် သီးနှံတစ်ခုဖြစ်ကြောင်း သိရှိရသည်။

DOCA(ရှမ်း)