စစ်ကိုင်းတိုင်းဒေသကြီးတွင် စားသုံးသူအသိပညာပေးလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်လျက်ရှိ

Powered by Drupal

  စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးအနေဖြင့် စားသုံးသူပြည်သူများအတွက် ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရန်၊  စီးပွားရေးလုပ်ငန်းရှင်များ စီးပွားရေးကျင့်ဝတ်၊ စည်းကမ်းနှင့်အညီ ဖြောင့်မတ်မှန်ကန်စွာဆောင်ရွက်နိုင်စေရန်အတွက် တိုင်း၊ ခရိုင်၊ မြို့နယ်အလိုက် စားသုံးသူကာကွယ်ရေးအသိပညာပေလုပ်ငန်းများ၊ စားသုံးသူတိုင်ကြားမှုဖြေရှင်းခြင်းလုပ်ငန်းများဆောင်ရွက်လျက်ရှိရာ ၂၀၂၃ခုနှစ်၊ အောက်တိုဘာလအတွင်း ကလေးခရိုင်အနေဖြင့် ကလေးဝမြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ မူလွန်ကျောင်းတွင်လည်းကောင်း၊ တမူးမြို့နယ်တာဝန်ခံရုံးမှ  မြို့မရပ်ရှိ အခြေခံပညာမူလတန်းကျောင်းတွင်လည်းကောင်း၊ ကန့်ဘလူမြို့၊ အမှတ်(၄)အခြေခံပညာမူလတန်းကျောင်း၊ ကန့်ဘလူမြို့၊ အမှတ်(၂)ရပ်ကွက်နှင့် ကန့်ဘလူခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှပြုလုပ်သည့် Talk Show တွင်လည်းကောင်း၊ ကျွန်းလှမြို့နယ်တာဝန်ခံရုံးမှ ဇီးတောကျေးရွာ၊ အခြေခံပညာမူလတန်းကျောင်းတွင်လည်းကောင်း၊ စစ်ကိုင်းခရိုင်ဦးစီးမှူးရုံးအနေဖြင့် စစ်ကိုင်းမြို့၊ ဆီကုန်သည်များနှင့်ဆီလုပ်ငန်းရှင်များအားလည်းကောင်း၊ စစ်ကိုင်းခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှကျင်းပပြုလုပ်သည့် အခြေခံစားသောက်ကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းတွင်လည်းကောင်း၊ မုံရွာမြို့နယ်တာဝန်ခံရုံးမှ မုံရွာမြို့၊ SEC ကိုယ်ပိုင်အထက်တန်းကျောင်းတွင်လည်းကောင်း၊ မုံရွာခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင်ကျင်းပပြုလုပ်သည့် အခြေခံစားသောက်ကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းနှင့် ကွန်ပျူတာသင်တန်းတွင်လည်းကောင်း၊  ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် ရွှေဘိုမြို့၊ အမှတ်(၃)ရပ်ကွက်၊ အခြေခံပညာအထက်တန်းကျောင်းတွင်လည်းကောင်း၊ စုစုပေါင်း (၁၁)ကြိမ် အသိပညာပေးဟောပြောဆွေးနွေးခဲ့ပါသည်။

    လုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေးအသိပညာပေးမှုများကိုလည်း ကလေးခရိုင်ဦးစီးမှူးရုံးအနေဖြင့် (၄)ကြိမ်၊ ကသာခရိုင်ဦးစီးမှူးရုံးအနေဖြင့် (၃)ကြိမ်၊ ကန့်ဘလူမြို့နယ်တဝန်ခံရုံးမှ (၂)ကြိမ်၊ စစ်ကိုင်းခရိုင်ဦးစီးမှူးရုံးအနေဖြင့် (၇)ကြိမ်၊ မုံရွာမြို့နယ်တာဝန်ခံရုံးမှ (၂)ကြိမ်၊ ယင်းမာပင်ခရိုင် ဦးစီးမှူးရုံးအနေဖြင့် (၂)ကြိမ်၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် (၅)ကြိမ် စုစုပေါင်း (၂၅)ကြိမ်ဆောင်ရွက်နိုင်ခဲ့ပါသည်။ ထိုသို့ တွေ့ဆုံဆွေးနွေးဆောင်ရွက်ခြင်းများပြုလုပ်ရာတွင် စီးပွားရေးလုပ်ငန်းရှင်တို့၏တာဝန်များ၊ လိုက်နာရမည့်အချက်များ၊ ကုန်စည်နှင့်စပ်လျဉ်း၍ ဖော်ပြရမည့်အာမခံချက်များ၊ ရိုးရှင်းမှန်ကန်သောသတင်းအချက်အလက်များပြည့်စုံစွာပေးရန်လိုအပ်ကြောင်း၊ စီးပွားရေးလုပ်ငန်းလုပ်ကိုင်ရာတွင် စီးပွားရေးကျင့်ဝတ်၊ စည်းကမ်းနှင့်အညီ ဖြောင့်မတ်မှန်ကန်စွာဆောင်ရွက်ရန်အချက်များကို ရှင်းလင်းဆွေးနွေးအသိပညာပေးခြင်း၊ ရည်ညွှန်းဈေးသတ်မှတ်ထားသောကုန်စည်များကို သတ်မှတ်ရည်ညွှန်းဈေးဖြင့်ရောင်းချစေရေး ဆွေးနွေးဟောပြောခြင်းများဆောင်ရွက်ခဲ့ပြီး စီးပွားရေးလုပ်ငန်းရှင်နှင့်သက်ဆိုင်သော လက်ကမ်းစာစောင်များနှင့် စားသုံးသူကာကွယ်ရေးဥပဒေစာအုပ်များဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)