ကုန်အညွှန်းအမှတ်အသားပြည့်စုံမှန်ကန်စေရေး လုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေး

Powered by Drupal

    စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးအနေဖြင့် ပြည်နယ်အတွင်းရှိ စားသုံးသူပြည်သူများ ကုန်စည်နှင့်ဝန်ဆောင်မှုများကိုဝယ်ယူသုံးစွဲရာတွင် ဘေးအန္တရာယ်ကင်းရှင်းစွာအသုံးပြုနိုင်ရန်နှင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရန်အတွက်သော်လည်းကောင်း၊ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့် ပြည့်စုံစွာထည့်သွင်းဖော်ပြလာစေရေးအတွက်သော်လည်းကောင်း၊ စိစစ်ဆောင်ရွက်ပေးလျက်ရှိရာ လွိုင်ကော်မြို့ပေါ်ရှိ TTH ကိတ်မုန့်ပေါင်မုန့်မျိုးစုံထုတ်လုပ်ဖြန့်ဖြူးရောင်းချနေသော လုပ်ငန်းရှင်တစ်ဦးမှာ မိမိထုတ်လုပ်သောကုန်စည်ပေါ်တွင် ကုန်အညွှန်းအမှတ်အသားထည့်သွင်းဖော်ပြချက်များနှင့်ကိုက်ညီမှုရှိ/မရှိနှင့် လိုအပ်သည်များပြင်ဆင်ပြုပြင်နိုင်ရန်အတွက် စိစစ်ဆောင်ရွက်ပေးနိုင်ပါရန် ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ (၁)ရက်နေ့တွင် ပြည်နယ်စားသုံးသူရေးရာဦးစီးမှူးရုံးသို့ လာရောက်ဆွေးနွေးခဲ့ပါသည်။  

  အဆိုပါတွေ့ဆုံဆွေးနွေးမှုအရ ပြည်နယ်ဦးစီးမှူးက စားသောက်ကုန်အမျိုးမျိုးတွင် ကုန်စည်အမျိုးအစားအလိုက် ကုန်အညွှန်းအမှတ်အသားများပြည့်စုံမှန်ကန်စွာဖော်ပြရန်အတွက် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှထုတ်ပြန်ထားရှိသည့် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ အမိန့်ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)ကို ထုတ်ပြန်ထားရှိကြောင်းနှင့် စားသုံးသူကာကွယ်ရေးဥပဒေအရ ကုန်စည်များတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့်အခြားဘာသာတစ်ခု (သို့) တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ ဖော်ပြရမည့်အချက်အလက်များကိုလည်းကောင်း ရှင်းလင်းဆွေးနွေးပြောကြားခဲ့ပြီးနောက် ဌာနသို့စိစစ်ဆောင်ရွက်ပေးပါရန် တင်ပြလာမှုအပေါ် ကူညီဆောင်ရွက်ပေးမှုများပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ကယား)