ဂေါ်ဖီထုပ်ဈေးနှုန်း/ ဈေးကွက်အခြေအ‌နေ

Powered by Drupal

     စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်အတွင်း ချင်းတွင်းမြစ်ရိုး၏အရှေ့ဘက်၌တည်ရှိသော ညောင်ဖြူပင်၊ သစ်ဆိမ့်၊ ထနောင်းတော၊ နဂါးတွင်းကျေးရွာတို့တွင် အနည်းငယ်စိုက်ပျိုးပြီး ဈေးကွက်အတွင်း လိုအပ်သောဂေါ်ဖီထုပ်များကို ရှမ်းပြည်နယ်၊ အောင်ပန်းမြို့မှ  မှာယူရောင်းချကြပါသည်။

     ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ ပထမအပတ်အတွင်း ဂေါ်ဖီတစ်ထုပ်တစ်ထုပ်လျှင် အနိမ့်ဆုံး (၁၃၀၀) ကျပ်၊ အမြင့်ဆုံး (၁၈၀၀) ကျပ်ထိရှိပြီး ဈေးနှုန်းများမြင့်တက်လျက်ရှိကြောင်း မုံရွာမြို့၊ ကန်သာယာဈေးရှိ ကုန်းစိမ်းရောင်းချသူများထံမှသိရပါသည်။

DOCA(စစ်ကိုင်း)