
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်အတွင်း ချင်းတွင်းမြစ်ရိုး၏အရှေ့ဘက်၌တည်ရှိသော ညောင်ဖြူပင်၊ သစ်ဆိမ့်၊ ထနောင်းတော၊ နဂါးတွင်းကျေးရွာတို့တွင် အနည်းငယ်စိုက်ပျိုးပြီး ဈေးကွက်အတွင်း လိုအပ်သောဂေါ်ဖီထုပ်များကို ရှမ်းပြည်နယ်၊ အောင်ပန်းမြို့မှ မှာယူရောင်းချကြပါသည်။
၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ ပထမအပတ်အတွင်း ဂေါ်ဖီတစ်ထုပ်တစ်ထုပ်လျှင် အနိမ့်ဆုံး (၁၃၀၀) ကျပ်၊ အမြင့်ဆုံး (၁၈၀၀) ကျပ်ထိရှိပြီး ဈေးနှုန်းများမြင့်တက်လျက်ရှိကြောင်း မုံရွာမြို့၊ ကန်သာယာဈေးရှိ ကုန်းစိမ်းရောင်းချသူများထံမှသိရပါသည်။
DOCA(စစ်ကိုင်း)