ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးစေရေး ဆန်စက်လုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေး

Powered by Drupal

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနသည် "ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးနှင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများဖြင့် နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုး တက်စေရန်" ဆိုသည့် မျှော်မှန်းချက်နှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းသည် ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ ၇ရက်နေ့၊ နံနက် (၁၁:၀၀) နာရီအချိန်တွင် ကန့်ဘလူမြို့ပေါ်ရှိ ဆန်စက်လုပ်ငန်းရှင်နှင့် ကွင်းဆင်းတွေ့ဆုံခဲ့ကြောင်းသိရှိရပါသည်။

    ထိုသို့ကွင်းဆင်းတွေ့ဆုံရာတွင် လုပ်ငန်းရှင်များအနေဖြင့် မိမိတို့ကြိတ်ခွဲထုတ်လုပ်သောဆန်များ အရည်အသွေးကောင်းမွန်စေရေးနှင့် ဈေးကွက်ဝေစုပိုမိုရရှိစေရန်အတွက် ဆန်စက်များ၏ အရည်အသွေးကောင်မွန်ရန်လိုအပ်ကြောင်း၊ လိုအပ်ပါက ဆန်စက်များအဆင့်မြှင့်တင်ခြင်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ထိုမှတစ်ဆင့် ဈေးကွက်အတွင်း မိမိတို့၏ကိုယ်ပိုင်တံဆိပ်များဖြင့် ဖြန့်ဖြူးရောင်းချနိုင်သည်အထိ ဆောင်ရွက်သွားမည်ဆိုပါက ဈေးနှုန်း၊ ဈေးကွက်ပိုမိုရရှိကာ လုပ်ငန်းရှင်များအတွက်သာမက လုပ်ငန်းစဉ်တစ်ခုလုံးတွင် ပါဝင်နေသူများအားလုံး အကျိုးခံစားရမည်ဖြစ်ကြောင်း၊ လုပ်ငန်းရှင်တို့အနေဖြင့် ဒေသတွင်းမှသည် အခြားတိုင်းဒေသကြီး/ ပြည်နယ်များအထိ ဈေးကွက်ဝေစုပိုမိုရရှိရန် အစဉ်ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်းနှင့် လိုအပ်သည်များကို အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်းသိရှိရပါသည်။

DOCA(စစ်ကိုင်း)