ဗန်းမော်မြို့ရှိ ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

   စားသုံးသူရေးရာဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ ဒေါ်နှောင်းနှောင်းဝင်း (ဒု-ဦးစီးမှူး) သည် (၈-၁၁-၂၀၂၃) ရက်နေ့တွင် ဗန်းမော်မြို့၊ မင်းကုန်းရပ်ကွက်နှင့်ကန်တော်ရပ်ကွက်ရှိ လက်လီ/လက်ကားဖြန့်ဖြူးရောင်းချလျက်ရှိသော ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်များသို့သွားရောက်ကာ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်၍ စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်ကိုက်ညီမှုရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြပါသည်။ 

   ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ပင်လယ်ပြာအမှတ်တံဆိပ်ပါ ငါးဖယ်ကြက်သားလိပ်၊ Golden Dragon အမှတ်တံဆိပ်ပါ ရှာလကာရည်နှင့် iSO+ အမှတ်တံဆိပ်ပါ ရေဓာတ်ဖြည့်အချိုရည်ကုန်စည်များပေါ်တွင် ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်နှင့်အညီ  သိသာထင်ရှားစွာဖော်ပြရမည့် ကုန်စည်၏အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက် အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ ဓာတ်မတည့်ကြောင်းဖော်ပြချက်တို့ကို ဖော်ပြထားခြင်းရှိ/မရှိ ဈေးကွက်စောင့်ကြည့်ခဲ့ရာ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များ ပြည့်စုံမှုရှိကြောင်းစစ်ဆေးတွေ့ရှိရပြီး လုပ်ငန်းရှင်များအနေဖြင့် ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များနှင့်ကိုက်ညီမှုရှိသည့် ကုန်စည်များကိုသာ ဈေးကွက်အတွင်း ဖြန့်ဖြူရောင်းချကြရန်ဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ကချင်)