“ကော့မှူးမြို့နယ်၊ မကျီးကန်ရပ်ကွက်၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကျင်းပ

Powered by Drupal

     ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်ဦးစီးမှူးရုံးလက်အောက်ရှိ ကော့မှူးမြို့နယ်တာဝန်ခံ ဦးတင်မင်းသည် ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ(၆)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ကော့မှူး မြိုနယ်၊ မကျီးကန်ရပ်ကွက်အတွင်းရှိ ရပ်ကွက်သူ၊ ရပ်ကွက်သားများအား ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခဲ့ပါသည်။

    ထိုသို့ဟောပြောဆွေးနွေးရာတွင် ဌာန၏လုပ်ငန်းဆောင်ရွက်ချက်များ၊ မျှော်မှန်းချက်များ၊ ရည်မှန်းချက်တို့ကို စားသုံးသူကာကွယ်ရေးဥပဒေနှင့်စပ်လျဉ်း၍ စားသုံးသူအများပြည်သူတို့၏ စားသုံးသူအခွင့်အရေးများဆုံးရှုံးမှုမရှိစေရန်အတွက် စားသုံးသူကာကွယ်ပေးရေးဥပဒေတစ်ရပ်ကို ၂၀၂၄ခုနှစ်တွင်ပြဋ္ဌာန်းခဲ့ပြီး ယင်းဥပဒေတွင် ခေတ်နှင့်မလျော်ညီသည့် ပြဋ္ဌာန်းချက်များပါဝင်နေသည့်အတွက် ၂၀၁၉ခုနှစ်တွင် ဥပဒေဟောင်းကိုရုပ်သိမ်းခဲ့ပြီး စားသုံးသူကာကွယ်ရေးဥပဒေတစ်ရပ်ကို ပြည်တောင်စုလွှတ်တော်ဥပဒေအမှတ် ၉/၂၀၁၉ခုနှစ်၊ မတ်လ (၁၅)ရက်နေ့တွင် ထပ်မံပြဋ္ဌာန်းလိုက်သည်။

     စားသုံးသူကာကွယ်ရေးဥပဒေတွင် ဦးစီးဌာန၏လုပ်ပိုင်ခွင့်နှင့်လုပ်ငန်းတာဝန်များ၊ စားသုံးသူ၏တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ ကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှု များနှင့်စပ်လျည်၍ အာမခံချက်ပေးခြင်း၊ ၎င်းကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှုလုပ်ငန်းများ၏ အာမခံချက်နှင့်စပ်လျဉ်၍ စားသုံးသူကတောင်းဆိုနိုင်သည့်အခွင့်အရေးများ၊ ကုန်ညွှန်း အမှတ်အသားဖော်ပြခြင်းဆိုင်ရာ အချက်အလက်များအနက် ကုန်စည်၏အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့်အသားတင်ပမဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံ နည်းလမ်းနှင့် ကျန်းမာရေးဆိုင်ရာဘေးထွက်ဆိုးကျိုး သို့မဟုတ် ဓာတ်မတည့်ကြောင်းဖော်ပြချက်နှင့် ကြိုတင်သတိပေးချကတို့ကို မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ ရေးသားဖော်ပြရမည် ဖြစ်ပါသည်။

      စားသုံးသူအများပြည်သူတို့အား ကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ ဘေးအန္တရာယ်ကင်းရှင်းစေရေး၊ ထုတ်ကုန်လုံခြုံစိတ်ချစေရေးတို့အတွက် စားသုံးသူပြည်သူများ အနေဖြင့် Online မှကြော်ငြာပြီး ရောင်းချလျက်ရှိသည့် အလှကုန်နှင့်လူသုံးကုန်ပစ္စည်းအမျိုးမျိုးတို့ကို ဝယ်ယူအသုံးပြုရာတွင်လည်း သက်ဆိုင်ရာဌာနများတွင် တရားဝင်မှတ်ပုံတင် ထားသော Online shopping များမှဝယ်ယူသုံးစွဲကြရန်၊ အမှန်တကယ်နစ်နားဆုံးရှုံးမှုရှိလာပါက စားသုံးသူသတင်းအချက်အလက်နှင့်တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ (CICC) ဖွင့်လှစ်ထားပါကြောင်း အသေးစိတ်ရှင်းလင်းဟောပြောဆွေးနွေးခဲ့ပါသည်။

DOCA(ရန်ကုန်)