စားသုံးသူရေးရာဦးစီးဌာန၊ အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် (၆-၁၁-၂၀၂၃) ရက်နေ့၊ နံနက် (၀၉:၃၀) နာရီအချိန်တွင် သာကေတမြို့နယ်၊ စံပြဥယျာဉ်ဈေးရှိ ဈေးတာဝန်ခံများနှင့်ပူးပေါင်းပြီး ဈေးအတွင်း ရောင်းချနေသည့်ကုန်စည်များတွင် ကုန်အညွှန်း အမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့် အညီ ဖော်ပြထားခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်းသိရှိရပါသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင် ဦးစီးမှူးရုံးမှ ဦးနေလင်း (ဒု-ကြီးကြပ်ရေးမှူး) က ဈေးအတွင်းရောင်းချသည့်ကုန်စည်များတွင် ကုန်ညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ ဖော်ပြပါရှိရမည့်အချက်(၈)ချက်ကိုဖော်ပြထားခြင်းရှိ/မရှိစစ်ဆေးခဲ့ပြီး မည်သည့် စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ ၄၁၊ ပုဒ်မခွဲ (ခ)နှင့် (ဆ) တို့ပါ ကုန်ညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု (သို့မဟုတ်) တစ်ခု ထက်ပို၍တွဲလျက်ဖြစ်စေ ရေးသားဖော်ပြပေးရမည်ဖြစ်ကြောင်းနှင့် တားမြစ်ချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားပါက ထိုသူကို နှစ်နှစ်ထက်မပိုသော ထောင်ဒဏ် ဖြစ်စေ၊ ကျပ်သိန်း ၂၀၀ထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်စလုံးဖြစ်စေ ချမှတ်ခံရနိုင်ကြောင်းတို့ကို အသိပညာပေးပြောကြားခဲ့ကြောင်းသိရှိရပါသည်။
DOCA(ရန်ကုန်)