မကွေးမြို့နယ်အတွင်းရှိ ဝန်ထမ်းများအား စားအုန်းဆီများ စျေးနှုန်းသက်သာစွာရောင်းချပေး

Powered by Drupal

  မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်မှုဖြင့် မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းမှ စျေးနှုန်းသက်သာစွာဝယ်ယူရရှိသော စားအုန်းဆီများအား မကွေးတိုင်းဒေသကြီးဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းသည် မကွေးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့၏ ကြီးကြပ်မှုဖြင့် (၇-၁၁-၂၀၂၃) ရက်နေ့၊ နံနက် (၀၈း၀၀) နာရီအချိန်တွင် မကွေးခရိုင်စားသုံးသူရေးရာဦးစီးဌာနရုံးရှေ့၌ မကွေးနည်းပညာတက္ကသိုလ်၊ တိုင်းဒေသကြီးဗဟိုစာရင်းအင်းဌာန၊ တိုင်း(ကုန်တင်/ ကုန်ချကော်မတီ)၊ စက်မှုကြီးကြပ်ရေးဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ အလုပ်သမားဆက်ဆံရေးဦးစီးဌာန၊ ဟိုတယ်နှင့်ခရီးသွားလာရေးဦးစီးဌာန၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ လူမှုဖူလုံရေးဦးစီးဌာန၊ စီမံကိန်းနှင့်စာရင်းအင်းဦးစီးဌာနရှိ ဝန်ထမ်းများအား စားအုန်းဆီ(၁)ပိဿာလျှင် ကျပ်(၅၀၅၀)နှုန်းဖြင့် ဝန်ထမ်းတစ်ဦးလျှင် စားအုန်းဆီ(၁)ပိဿာစီ စုစုပေါင်းစားအုန်းဆီ(၅၅၀)ပိဿာရောင်းချပေးခဲ့ပါသည်။

     ထိုသို့ရောင်းချရာတွင် စားသုံးသူပြည်သူများ အဆင်ပြေချောမွေ့စွာဝယ်ယူနိုင်ရေး၊ အရည်အသွေးအလေးချိန်ပြည့်ဝမှန်ကန်မှုရှိစေရေး၊  စားအုန်းဆီဝယ်ယူရာ၌ တန်းစီစနစ်ဖြင့် စနစ်တကျရှိစေရေးအတွက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့နှင့် စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများက ကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်းသိရှိရပါသည်။

DOCA(မကွေး)