ကမ္ဘာ့ဝါဂွမ်းအထွက်ပမာဏမှာ ၂ဝ၂၃-၂၄ ခုနှစ်တွင် ၄.၇ ရာခိုင်နှုန်း လျော့ကျနိုင်

Powered by Drupal

    တရုတ်၊ အမေရိကန်၊ ဩစတြေးလျနှင့် အိန္ဒိယတို့တွင် ဝါဂွမ်းအထွက်ပမာဏ ကျဆင်းခဲ့ ခြင်းကြောင့် ၂ဝ၂၃ ခုနှစ်အောက်တိုဘာလမှ ၂ဝ၂၄ ခုနှစ် စက်တင်ဘာလအထိ ရာသီကာလ အတွင်း ကမ္ဘာ့ဝါဂွမ်းထုတ်လုပ်မှုမှာ ဘေထုပ်ရေ ၅ သန်း (၂၁၇.၇ ကီလိုဂရမ်ဝင်) လျော့နည်းနိုင် ကြောင်း သိရှိရပါသည်။ ဝါဂွမ်းဈေးနှုန်းမှာ လက်ရှိ သုံးလပတ်ကာလတွင် ကျဆင်းဖွယ်ရှိသော် လည်း ၂ဝ၂၄ ခုနှစ် ဒုတိယသုံးလပတ်မှ စတင်၍ ဈေးနှုန်းများ ပြန်လည်မြင့်တက်လာနိုင်ကြောင်း ကျွမ်းကျင်သူများက သုံးသပ်ပြောဆိုကြသည်။

   အိန္ဒိယနိုင်ငံတွင် ဝါဂွမ်းအစား အခြားအစားထိုး ဓာတုပေါင်းစပ်ချည်မျှင်များကို အသုံးပြု လာကြသဖြင့် ဝါဂွမ်းအထွက်နိမ့်ကျခြင်းသည် ချည်မျှင်နှင့်အထည်လုပ်ငန်းအပေါ် အကျိုးသက် ရောက်မှုမရှိနိုင်ကြောင်း၊ ကမ္ဘာ့ဝါဂွမ်းထွက်ရှိမှုမှာ ၂ဝ၂၂-၂၃ ခုနှစ် ခန့်မှန်းအထွက်ပမာဏဖြစ်သည့်  အထုပ်ရေ ၁၁၇.၆ သန်းအောက် ကျဆင်းလျက် ၂ဝ၂၃-၂၄ ရာသီကာလတွင် အထုပ်ရေ ၁၁၂.၁ သန်း ရှိနိုင်သဖြင့် နှစ်အလိုက် ၄.၇% ကျဆင်းနိုင်ကြောင်း၊ တရုတ်ပြည်မနှင့် အမေရိကန်နိုင်ငံ တို့တွင် ဝါဂွမ်းစိုက်ဧရိယာလျော့နည်းလာမှုနှင့် ဆိုးရွားသော ရာသီဥတုအခြေအနေများကြောင့် နှစ်အလိုက် ဝါဂွမ်းအထွက်ပမာဏ ၁၂.၁% လျော့ကျမှုသည် ကမ္ဘာ့ဝါဂွမ်း ထုတ်လုပ်မှုအပေါ် အကျ လမ်းကြောင်းဖက်သို့ ဦးတည်စေခြင်းဖြစ်ကြောင်း Fitch Solutions ၏ လက်အောက်ခံ သုတေ သန အဖွဲ့အစည်းဖြစ်သည့် Business Monitor International (BMI) က ခန့်မှန်းထားသည်။

   ၂ဝ၂၃-၂၄ ရာသီကာလတွင် ဩစတြေးလျနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့၏ ဝါဂွမ်းအထွက် ပမာဏ မှာ ၁၂.၁% နှင့် ၁.၉% အသီးသီးလျော့နည်းကျဆင်းနိုင်သော်လည်း ဘရာဇီးနိုင်ငံ၏ ဝါဂွမ်း ထုတ် လုပ်မှုမှာ နှစ်အလိုက် ၂၁.၆% တိုးတက်လာနိုင်သဖြင့် ကမ္ဘာ့ဝါဂွမ်းအထွက်ပမာဏ ကျဆင်းမှု အပေါ် တစ်စိတ်တစ်ပိုင်း သက်သာစေမည်ဖြစ်သည်။ ကမ္ဘာ့ဝါဂွမ်းဈေးကွက်တွင် ယခုနှစ်အတွင်း ဝါဂွမ်းအရောင်းပြတ်လပ်မှုဖြစ်ပေါ်နေသော်လည်း အမေရိကန်၊ ဥရောပနှင့် အခြားဖွံ့ဖြိုးပြီးနိုင်ငံ များ၌ ငွေကြေးကဏ္ဍအကြပ်အတည်းများ ဖြစ်ပေါ်နေသဖြင့် ဝယ်လိုအား နည်းပါးလျက်ရှိပြီး ပြည်သူအများစုမှာ အဝတ်အထည်အပေါ် များစွာသုံးစွဲခြင်း မရှိကြသည်ကို လေ့လာတွေ့ရှိရကြောင်း Rajkot အခြေစိုက် ဝါဂွမ်းကုန်သည်တစ်ဦးဖြစ်သူ Anand Popat က ပြောကြားခဲ့ပါသည်။

   အိန္ဒိယနိုင်ငံ၌ ဝါဂွမ်းထုတ်လုပ်မှုမှာ ၁၇ဝ ကီလိုဂရမ်ဝင် အထုပ်ရေ ၂၉၅ သိန်းသို့ ကျဆင်း ဖွယ်ရှိသော်လည်း ယခင်ရာသီကာလမှ ဝါဂွမ်းထုပ်ရေ ၂၅ သိန်းမှ ၃ဝ သိန်းအထိ လက်ကျန်ရှိနေမှုက ဝါဂွမ်းပြတ်လပ်မှုမဖြစ်အောင် အထောက်အပံ့ပြုမည်ဖြစ်ကြောင်း Karnataka ပြည်နယ်၊ Raichur မြို့အခြေစိုက် နိုင်ငံစုံကုမ္ပဏီများ၏ ကိုယ်စားလှယ် Ramanui Das Boob က ပြောကြားခဲ့သည်။

   အိန္ဒိယနိုင်ငံတွင် ဝါဂွမ်းထုတ်လုပ်မှုနိမ့်ကျခဲ့သော်လည်း BMI က ၂ဝ၂၃ ခုနှစ်အတွင်း ပျှမ်းမျှ ဝါဂွမ်းဈေးနှုန်း တစ်ပေါင်လျှင် အမေရိကန်ဒေါ်လာ ၈၆.၅ ဆင့် ဟု ခန့်မှန်းထားရှိမှုကို  တစ်ပေါင်လျှင် ၈၄ ဆင့်သို့ လျှော့ချခဲ့သည်။ ၎င်းနှုန်းထားသည် ယခုနှစ်အတွင်း လက်ရှိကာလအထိ ပျမ်းမျှ ဈေးနှုန်းဖြစ်သော တစ်ပေါင်လျှင် ၈၃.၈ ဆင့်ထက် အနည်းငယ် မြင့်မားဆဲဖြစ်သည်။ ထို့အပြင် ၂ဝ၂၄ ခုနှစ်တွင် ဝါဂွမ်းပျမ်းမျှဈေးနှုန်းမှာ တစ်ပေါင်လျှင် ၈၈ ဆင့်ခန့်ရှိနိုင်ပြီး အဓိကအားဖြင့် ရောင်းလိုအား နည်းပါးခြင်းကြောင့် နှစ်အလိုက် ၄.၁% မြင့်တက်ဖွယ်ရှိကြောင်း BMI က ခန့်မှန်း ထားသည်။

  ၂ဝ၂၃-၂၄ ခုနှစ်၌ ကမ္ဘာ့ဝါဂွမ်းသုံးစွဲမှုမှာ နှစ်အလိုက် ၅% တိုးတက်လျက် အထုပ်ရေ ၁၁၆.၄ သန်းသို့ ရောက်ရှိမည်ဟု ခန့်မှန်းထားပြီး ကမ္ဘာ့ဝါဂွမ်းထုတ်လုပ်မှုမျှခြေတွင် လိုအပ်ချက် ဖြစ်ပေါ် စေနိုင်ကြောင်း သိရှိရပါသည်။ လက်ရှိကာလတွင် ဝါဂွမ်းဈေးနှုန်းများမှာ နယူးယောက် Inter-Continental Exchange ၌ ၂ဝ၂၄ ခုနှစ် မတ်လအတွင်း တင်ပို့မည့်ရောင်းချမှုအတွက် ၈၁.၇၄ ဆင့် (၃၅၆ ကီလိုဂရမ်ပါဝင်သော တစ်ကန်ဒီလျှင် အိန္ဒိယရူပီး ၅၃၈ဝဝ) နှုန်းရှိပြီး လွန်ခဲ့သော ၃ လ အတွင်း အနိမ့်ဆုံးဈေးနှုန်းဖြစ်ခဲ့ကြောင်းနှင့် အိန္ဒိယနိုင်ငံ Rajkot မြို့တွင် ရှန်ကာ-၆ ဝါဂွမ်း စံပြ ဈေးနှုန်းမှာ တစ်ကန်ဒီလျှင် ရူပီး ၅၇ဝ၅ဝ ဖြစ်ကြောင်း သိရှိရပါသည်။

  အိန္ဒိယပြည်တွင်းဈေးကွက်တွင် ပြုပြင်ထုတ်လုပ်ထားခြင်းမရှိသော Kapas ဝါဂွမ်းမှာ တစ် ကွင်တယ်လျှင် ရူပီး ၇၂ဝဝ မှ ၇၃ဝဝ အကြားရှိကြောင်း၊ ဝါဂွမ်းစေ့ဈေးနှုန်းမှာ တစ်ကွင်တယ်လျှင် ရူပီး ၃၂ဝဝ မှ ၃၃ဝဝ အတွင်းရှိကြောင်း၊ ဝါဂွမ်းဈေးနှုန်း ပိုမိုကျဆင်းမှုရှိပါက ဗဟိုအစိုးရသည်  အခြေခံရည်ညွှန်းဈေးနှုန်းဖြင့် ဝယ်ယူဖွယ်ရှိကြောင်း Das Boob က ပြောဆိုသည်။ ယခုနှစ်တွင် ဝါဂွမ်းအတွက် အနိမ့်ဆုံးထောက်ပံ့ပေးသော အခြေခံရည်ညွှန်းဈေးနှုန်းမှာ အလယ်အလတ် အဆင့် အမျိုးအစားများအတွက် တစ်ကွင်တယ်လျှင် ရူပီး ၆၆၂ဝ ဖြစ်သည်။ ဒေဝါလီပွဲတော် ပြီးဆုံးချိန်တွင် ဝါဂွမ်းများ ဈေးကွက်အတွင်း ထပ်မံဝင်ရောက်လာနိုင်ကြောင်း၊ ဝါဂွမ်း အများအပြား ဝင်ရောက်မှု နှင့် ဝယ်လိုအားလျော့နည်းမှုတို့က ဝါဂွမ်းဈေးနှုန်းများအပေါ် ဖိအားများဖြစ်ပေါ်နိုင်သော်လည်း တစ်ကန်ဒီလျှင် ရူပီး ၅၇ဝဝဝ မှ ၅၉ဝဝဝ အတွင်း ရှိနိုင်ကြောင်း၊  ဝါဂွမ်းအထွက်ပမာဏ ကျဆင်း သော်လည်း ဈေးကွက်အတွင်း ဝင်ရောက်လာသည့် ဝါဂွမ်းအရည်အသွေးမှာ အထူးကောင်းမွန် ကြောင်း Das Boob က ပြောကြားခဲ့သည်။

Source: The Hindu Business Line, 6 Nov 2023 (လယ်ယာထွက်ကုန်များနှင့်အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)