အ.မ.က မုရစ်ကြီး(အရှေ့)ကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကျင်းပ

Powered by Drupal

   မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ချောင်းဆုံမြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ (၈-၁၁-၂၀၂၃) ရက်နေ့တွင် ချောင်းဆုံမြို့နယ်၊ အ.မ.က မုရစ်ကြီး(အရှေ့)ကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောဆွေးနွေးပွဲကျင်းပခဲ့သည်။

  အဆိုပါဟောပြောဆွေးနွေးပွဲတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်မြင့်မြင့်ကြည်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒု-ဦးစီးမှူး ဒေါ်ဝင်းဝင်းချောက Mobile စာကြည့်တိုက်၊ နံရံကပ်၊ ဓာတ်ပုံပြပွဲနှင့်ပတ်သက်သည့် အကြောင်းအရာကိုလည်းကောင်း၊  စားသုံးသူရေးရာဦးစီးဌာန၊ ချောင်းဆုံမြို့နယ်တာဝန်ခံ ဒေါ်ထက်ထက်နွေဦးက ဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်၊ လုပ်ငန်းတာဝန်များ၊ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားနှင့်ပတ်သက်သည့် သိကောင်းစရာများ၊ စားသုံးသူများနစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါက တိုင်ကြားနိုင်သည့်နေရာများ၊ နည်းလမ်းများ၊ Consumer Call Center အကြောင်းအရာများနှင့် ဦးစီးဌာန၏ Website ဖြစ်သော www. doca. gov. mm တွင်လည်းဝင်ရောက်ကြည့်ရှုလေ့လာနိုင်ကြောင်း ဟောပြောဆွေးနွေးခဲ့ပါသည်။

     အဆိုပါ ဟောပြောဆွေနွေးပွဲသို့ ဆရာ/ ဆရာမ၊ ကျောင်းသား/ ကျောင်းသူများ (၁၄၄) ဦးတက်ရောက်ခဲ့ကြပြီး စားသုံးသူအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(မွန်)