မုဒုံမြို့၌ ငွေကြေးဝန်ဆောင်မှုနှင့် Online Shopping ရောင်းဝယ်မှုဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ (Talk Show) ပြုလုပ်

Powered by Drupal

   စားသုံးသူရေးရာဦးစီးဌာန၊ မုဒုံမြို့နယ်တာဝန်ခံသည် ငွေကြေးဝန်ဆောင်မှုနှင့် Online Shopping ရောင်းဝယ်မှုဆိုင်ရာ အသိပညာပေး (Talk Show) ကို (၉-၁၁-၂၀၂၃) ရက်နေ့တွင် မုဒုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

     ဆွေးနွေးပွဲတွင် မုဒုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မိုးမိုးစန္ဒာထွန်းက Talk Show အစီအစဉ်ကျင်းပပြုလုပ်ရသည့် ရည်ရွယ်ချက်ကိုရှင်းလင်းပြီး စားသုံးသူရေးရာဦးစီးဌာန၊ မုဒုံမြို့နယ်တာဝန်ခံ ဦးစည်သူက ငွေကြေးဝန်ဆောင်မှုနှင့် အွန်လိုင်းရောင်းဝယ်မှုဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ စားသုံးသူပြည်သူများရင်ဆိုင်ကြုံတွေ့နေရသည့်အချက်များ၊ အွန်လိုင်းတွင်ဝယ်ယူခြင်းမပြုမီ သတိပြုရမည့်အချက်များ၊ စားသုံးသူများ၏အခွင့်အရေးများ၊ စားသုံးသူနစ်နာဆုံးရှုံးမှုဖြစ်ပေါ်လာပါက တိုင်ကြားနိုင်သည့်နေရာနှင့် နည်းလမ်းများအကြောင်းကို ကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မွန်)