သထုံမြို့၌ တရားမဝင်အေးခဲအသားများရောင်းချမှုမရှိစေရေး အသိပညာပေးဆွေးနွေးပွဲတွင် စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ပူးပေါင်းဆောင်ရွက်

Powered by Drupal

    မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်း တရားမဝင်အေးခဲအသားများရောင်းချမှုမရှိစေရေး အသိပညာပေးဆွေးနွေးပွဲကို (၁၀-၁၁-၂၀၂၃) ရက်နေ့တွင် သထုံမြို့မဈေးရှိ ဈေးတာဝန်ခံရုံး၌ကျင်းပခဲ့ရာ စားသုံးသူရေးရာဦးစီးဌာန၊ သထုံခရိုင်ရုံးမှ ဝန်ထမ်းများက ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြပါသည်။

     အခမ်းအနားတွင် သထုံမြို့နယ်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်အောင်စိုးက အမှာစကားပြောကြားပြီး ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်ကျော်မင်းက တရားမဝင်လမ်းကြောင်းများဖြင့်သယ်ဆောင်လာသည့် အေးခဲအသားငါးများ၏အန္တရာယ်များ၊ အေးခဲအသားငါးများ၌ ထည့်သွင်းအသုံးပြုသည့် တာရှည်ခံဆေးဝါးများ၏ဆိုးကျိုးများ၊ စားသုံးသူများနစ်နာဆုံးရှုံးမှုများရှိလာပါက တိုင်ကြားနိုင်သည့်အကြောင်းအရာများ၊ စားသုံးသူရေးရာဦးစီးဌာန၏ Website အကြောင်းနှင့် Consumer Call Center အကြောင်းတို့ကို အသိပညာပေးရှင်းလင်းဆွေးနွေးရာ တက်ရောက်လာကြသူများက သိလိုသည်တို့ကိုမေးမြန်းခဲ့ကြသည်။

     အဆိုပါ အသိပညာပေးဆွေးနွေးပွဲသို့ သထုံမြို့မဈေးအတွင်း၌ အသားငါးရောင်းချသူများတက်ရောက်ခဲ့ကြပြီး မြို့နယ်အတွင်း တရားမဝင်အေးခဲအသားငါးများရောင်းချမှုမရှိစေရေးအတွက် ယခုကဲ့သို့ အသိပညာပေးခြင်း၊ ပူးပေါင်းအဖွဲ့ဖြင့် ရှောင်တခင်ဝင်ရောက်စစ်ဆေးခြင်း၊ ရောင်းချသူများအား ဥပဒေအရ အရေးယူခြင်းတို့ပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

DOCA(မွန်)