ညောင်တုန်းမြို့နယ်၌ ဆီဈေးကားဖြင့် လှည့်လည်ရောင်းချမှုအား ကြပ်မတ်ဆောင်ရွက်

Powered by Drupal

  ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံး၊ ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံးမှ ဦးအောင်လွင်နှင့်ဝန်ထမ်းများသည် (၇-၁၁-၂၀၂၃)ရက်နေ့၊ နံနက်(၀၉း၀၀)နာရီအချိန်တွင် ညောင်တုန်းမြို့နယ်၊ ငပျောကျွန်းကျေးရွာရှိ ပြည်သူများအား စားသုံးသူပြည်သူများ ကျန်းမာရေးနှင့်ညီညွတ်သော စားသုံးဆီများကိုသုံးစွဲနိုင်ရေး၊ တန်းစီစနစ်ဖြင့် ပြည်သူများလက်ဝယ်အရောက် ဝယ်ယူသုံးစွဲနိုင်ရေး ဆီရောင်းချခြင်းလုပ်ငန်းများကို မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ  ကြပ်မတ်ဆောင်ရွက်ပေးခဲ့သည်။

    ဈေးကားဖြင့်သွားရောက်‌ရောင်းချရာတွင် ညောင်တုန်းမြို့နယ်ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းအနေဖြင့် စားအုန်းဆီတင်သွင်းသည့်ကုမ္ပဏီများမှ လက်ကားကုန်သည်များထံသို့ ဖြန့်ဖြူးပေးသည့်စားအုန်းဆီများကို ရည်ညွှန်းလက်ကားဈေးအပေါ်တွင် သယ်ယူစရိတ်ထပ်ပေါင်းကာ အမြတ်၂%ထက်မပိုသောဈေးနှုန်းဖြင့် ရပ်ကွက်များ၊ ဈေးများသို့ ဈေးကားဖြင့် တစ်ပတ်အတွင်း မအူပင်မြို့နယ်၌ (၆-၁၁-၂၀၂၃/ ၉-၁၁-၂၀၂၃)ရက်နေ့တို့တွင်လည်းကောင်း၊ ပန်းတနော်မြို့နယ်၌ (၁၀-၁၁-၂၀၂၃)ရက်နေ့တွင်လည်းကောင်း၊  ညောင်တုန်းမြို့နယ်၌ (၇-၁၁-၂၀၂၃)ရက်နေ့တွင်လည်းကောင်း၊ ဓနုဖြူမြို့နယ်၌ (၈-၁၁-၂၀၂၃)ရက်နေ့တွင်လည်းကောင်း၊ မြို့နယ်အလိုက် တစ်ကြိမ်စီ အလှည့်ကျလှည့်လည်ရောင်းချပေးခဲ့ကြောင်း၊ စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများကလည်း လာရောက်ဝယ်ယူကြသောအိမ်ထောင်စုများအား စနစ်တကျတန်းစီစေခြင်း၊ လူတန်းစေ့ဝယ်ယူရရှိနိုင်ရန်ရည်ရွယ်၍ လူတစ်ဦးလျှင် (၁) ပိဿာနှုန်းဖြင့်လည်းကောင်း၊ ဈေးနှုန်းအားဖြင့်  ၄၉၅၀ကျပ်နှုန်းဖြင့်လည်းကောင်း  တန်းတူညီမျှရောင်းချကြစေရန် ကြပ်မတ်ဆောင်ရွက်ပေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)