ဓနုဖြူမြို့နယ်၌ ဆီဈေးကားဖြင့် လှည့်လည်ရောင်းချမှုအား ကြပ်မတ်ဆောင်ရွက်

Powered by Drupal

    ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံး၊ ဓနုဖြူမြို့နယ်ဦးစီးမှူးရုံးမှ ဦးခိုင်လွမ်းမိုးနှင့်ဝန်ထမ်းများသည် (၁၀-၁၁-၂၀၂၃)ရက်နေ့၊ နံနက်(၀၉း၀၀)နာရီအချိန်တွင် ဓနုဖြူမြို့နယ်၊ သပြုကျေးရွာရှိ ပြည်သူများအား ကျန်းမာရေးနှင့်ညီညွတ်သော စားသုံးဆီများသုံးစွဲနိုင်ရေး၊ စားသုံးသူပြည်သူများသို့ တန်းစီစနစ်ဖြင့် ပြည်သူများလက်ဝယ်အရောက် ဝယ်ယူသုံးစွဲနိုင်ရေး ရောင်းချခြင်းလုပ်ငန်းများအား ကြပ်မတ်ဆောင်ရွက်ပေးခဲ့သည်။

     ထိုသို့ရောင်းချနေမှုကို မြို့နယ်စားသုံးသူရေးရာဦးစီးဌာနက ကြီးကြပ်ဆောင်ရွက်လျက်ရှိပြီး  စားသုံးဆီတစ်ပိဿာ ၄၉၅၀ကျပ်နှုန်းဖြင့် လူတစ်ဦးလျှင် တစ်ပိဿာနှုန်းရောင်းချပေးခဲ့သည်။ မအူပင်ခရိုင်စားသုံးသူရေးရာဦးစီးဌာနသည် တစ်ပတ်လျှင် ဆီ (၅)ကြိမ်ရောင်းချပေးနိုင်ရေး စီစဉ်ဆောင်ရွက်ပေးလျက်ရှိပြီး မြိုနယ်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းအနေဖြင့် စားသုံးဆီများကို  စက်တင်ဘာလ (၆) ရက်နေ့မှစတင်၍ မအူပင်ခရိုင်အတွင်းမြို့နယ်များကို ရက်အလိုက်ခွဲခြားပြီး ရောင်းချပေးနေခြင်းဖြစ်ပြီး မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများတွင်လည်း ရောင်းချပေးသွားမည်ဖြစ်ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)