မအူပင်မြို့နယ်တွင် အပတ်စဉ်အလိုက် ဆီဈေးကားဖြင့် လှည့်လည်ရောင်းချမှုအား ကြပ်မတ်ဆောင်ရွက်

Powered by Drupal

     ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူး ဦးအောင်ဇော်နှင့်ဝန်ထမ်းများသည် (၉-၁၁-၂၀၂၃)ရက်နေ့၊ နံနက် (၀၉း၀၀) နာရီအချိန်တွင် မအူပင်ကျုံစုတ်ကျေးရွာရှိ ပြည်သူများအား ကျန်းမာရေးနှင့်ညီညွတ်သော စားသုံးဆီများသုံးစွဲနိုင်ရေး၊ ဆီ ၁ပိဿာလျှင် ၄၉၅၀ကျပ်နှုန်းဖြင့်ဝယ်ယူနိုင်ရေး တန်းစီစနစ်ဖြင့် စီစဉ်ဆောင်ရွက်ပေးခဲ့ပြီး ပြည်သူများလက်ဝယ်အရောက် ဝယ်ယူသုံးစွဲနိုင်ရေးကို ခရိုင်ဆီလုပ်ငန်းရှင်များအသင်းနှင့်အတူ ရောင်းချပေးနေမှုအခြေအနေကို ကြီးကြပ်ဆောင်ရွက်ခဲ့ကြပါသည်။

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားအုန်းဆီတင်သွင်း/သိုလှောင်/ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီသည် ပြည်ပမှတင်သွင်းသည့် စားသုံးဆီများ သတ်မှတ်အရည်အသွေးနှင့် စံချိန်စံညွှန်းများနှင့်ပြည့်မီစေရေးနှင့် ဈေးနှုန်းတည်ငြိမ်စွာဝယ်ယူစားသုံးနိုင်ရေးတို့အတွက် စဉ်ဆက်မပြတ် ထိန်းကျောင်းဆောင်ရွက်လျက်ရှိပြီး စားသုံးသူရေးရာဦးစီးဌာနမှလည်း မအူပင်ခရိုင်မြို့နယ်များအလိုက် ဆီခွဲဝေချထားနိုင်ရေးကိုလည်း စိစစ်ကြပ်မတ်ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)