ကျိုက်လတ်မြို့နယ်တာဝန်ခံရုံးတွင် ကုန်မျိုးစုံလုပ်ငန်းရှင်များအား အသိပညာပေးဟောပြော

Powered by Drupal

  ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံသည် ကုန်မျိုးစုံရောင်းချလျက်ရှိသည့် လုပ်ငန်းရှင်(၁၃)ဦးအား ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ(၃)ရက်နေ့၊ နံနက် (၁၁:၃၀) နာရီအချိန်တွင် ကျိုက်လတ်မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနရုံးတွင် အသိပညာပေးဟောပြောခဲ့ပါသည်။

     အဆိုပါဟောပြောပွဲတွင် ကျိုက်လတ်မြို့နယ်တာဝန်ခံ ဦးမိုးမင်းသန်းက ကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှုများ ဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံစိတ်ချရမှုရှိစေရေးအတွက် စီးပွားရေးလုပ်ငန်းရှင်များလိုက်နာဆောင်ရွက်ရမည့်တာဝန်များနှင့် ရောင်းချနေသောကုန်စည်များတွင် သတ်မှတ်ထားသော ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားခြင်းမရှိပါက ဈေးကွက်အတွင်းရောင်းချခြင်းမပြုကြရန်၊ ကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှု၏ အာမခံချက်၊ သတ်မှတ်ချက်များနှင့်စပ်လျဉ်း၍ ရိုးရှင်းမှန်ကန်သောသတင်းအချက်အလက်များပေးခြင်း၊ စားသုံးသူနစ်နာဆုံးရှုံးမှုဖြစ်ပွားစေမည့် ကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှုကို တိုက်ရိုက်ရောင်းချခြင်း (သို့မဟုတ်) သွယ်ဝိုက်ရောင်းချခြင်းများမပြုကြရန် အသိပညာပေးဟောပြောခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)