ရွှေတောင်မြို့နယ်ရှိ (အ.လက) ချည်မျှင်စာသင်ကျောင်းတွင် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြော

Powered by Drupal

   ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာနတို့နှင့်ပူးပေါင်း၍ (၉-၁၁-၂၀၂၃) ရက်နေ့၊ နံနက်(၉:၀၀)နာရီအချိန်တွင် ဆည်ကြီးကုန်အုပ်စု၊ အောင်မြေသာယာရပ်ကွက် (အ.လ.က) ချည်မျှင်ကျောင်း၌ စားသုံးသူအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ပါသည်။

     အဆိုပါ စားသုံးသူအသိပညာပေးဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာနမှ ဒေါ်ယဉ်ယဉ်ဆင့်က စားသုံးသူကာကွယ်ရေးဥပဒေပါ အခန်း(၉)မှ စားသုံးသူအခွင့်အရေးနှင့်တာဝန်များအကြောင်း၊ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားများအကြောင်းနှင့် စားသုံးသူနစ်နာဆုံးရှုံးမှုရှိပါက Call Center ဖုန်းနံပါတ် (၁၅၃၅)သို့ တိုင်ကြားနိုင်သည့်နည်းလမ်းများကို ဆွေးနွေးဟောပြောခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)