ရန်ကုန်အရှေ့ပိုင်းခရိုင်ရှိ စက်သုံးဆီဆိုင်များအား ကွင်းဆင်းစစ်ဆေး

Powered by Drupal

    စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒသကြီးဦစီးမှူးရုံး၏ ကြီးကြပ်ကွပ်ကဲမှုအောက်ရှိ  အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးဝန်ထမ်းများသည် (၁၃-၁၁-၂၀၂၃) ရက်နေ့၊ နေ့လယ် (၁၂:၃၀) နာရီအချိန်တွင်  ရန်ကုန်မြို့မှ စက်သုံးဆီဆိုင်များမှာ ဆိုရှယ်မီဒီယာပေါ်တွင် ဓာတ်ဆီ၊ ဒီဇယ်ဆီများကို အကန့်အသတ်ဖြင့် ဝယ်ယူနေရကြောင်း ရေးသားဖော်ပြမှုနှင့်ပတ်သက်၍ အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ မြောက်ဥက္ကလာပမြို့နယ်၊ တောင်ဥက္ကလာပမြို့နယ်၊ သာကေတမြို့နယ်တို့ရှိ စက်သုံးဆီအရောင်းဆိုင်များသို့သွားရောက်ကာ မြေပြင်အခြေအနေကိုသိရှိနိုင်ရန်အတွက် စက်သုံးဆီပြတ်လပ်မှုနှင့် စက်သုံးဆီများ အကန့်အသတ်ဖြင့်ရောင်းချနေခြင်းရှိ/မရှိနှင့် စက်သုံးဆီလိုသလောက် ရောင်းချခြင်းရှိ/မရှိတို့ကို သက်ဆိုင်ရာဆိုင်မန်နေဂျာများနှင့်တွေ့ဆုံမေးမြန်းခဲ့ရာ ဆီများပြတ်လပ်ခြင်းမရှိကြောင်း၊း အကန့်အသတ်ဖြင့်လည်းရောင်းချခြင်းမရှိကြောင်းနှင့် ခွဲတမ်းရရှိမှုအပေါ်  လိုသလောက်ရောင်းချပေးလျက်ရှိကြောင်း သတင်းရရှိပါသည်။

DOCA(ရန်ကုန်)