![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/ဘိလပ်မြေ 1.jpg?itok=uQoHXbwD)
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ အခြေခံစားကုန်ဈေးနှုန်းများ၊ ဓါတ်မြေဩဇာနှင့် ပိုးသတ်ဆေးဈေးနှုန်းများအား အပတ်စဉ်တင်ပြလျက်ရှိပါ သည်။
ရွှေဘိုခရိုင်အနေဖြင့် စိုက်ပျိုးရေးကို အဓိကဆောင်ရွက်သော ခရိုင်တစ်ခုဖြစ်သဖြင့် စိုက်ပျိုးရေး လုပ်ငန်းတွင် အဓိကအသုံးပြုရသည့် ဓါတ်မြေဩဇာနှင့် ပိုးသတ်ဆေးဈေးနှုန်းများကို အရောင်းဆိုင်များမှ တာဝန်ရှိသူများနှင့် ဆက်သွယ်မေးမြန်းခဲ့ရာ နိုဝင်ဘာလ၊ တတိယပတ်တွင် ရွှေဘိုမြို့၌ ရောင်းချ လျက်ရှိသော ဓါတ်မြေဩဇာဈေးနှုန်းများမှာ အာမို၊ ကျွဲနက်တံဆိပ် (၁၅:၁၅:၁၅)ကွန်ပေါင်း ဓါတ်မြေဩဇာ 50kgတစ်အိတ်လျှင်(၁၅၄၀၀ဝိ/-)ကျပ်၊ MCတံဆိပ် (၁၅:၁၅:၁၅) ကွန်ပေါင်းဓါတ်မြေဩဇာ 50kg တစ်အိတ်လျှင် (၁၄၀၀၀ဝိ/-)ကျပ်၊ ဇာမဏီတံဆိပ်(၁၃:၅:၇) ကွန်ပေါင်းဓါတ်မြေဩဇာ50kg တစ်အိတ်လျှင်(၇၁၀၀ဝိ/-)ကျပ်၊ အာမို၊ ပုလဲတံဆိပ် ကွန်ပေါင်းဓါတ်မြေဩဇာ 50kg တစ်အိတ်လျှင်(၈၄၀၀ဝိ/-)ကျပ်၊ ပန်းဖူးတံဆိပ် ဓါတ်မြေဩဇာ 50kgတစ်အိတ်လျှင်(၇၃၀၀ဝိ/-)ဖြစ်ပြီး ပိုးသတ်ဆေးဈေးနှုန်းများမှာ ရှောင်လင်တံဆိပ် ထိသေ/စားသေ (အဆိပ်ငွေ့) 500cc တစ်ဗူးလျှင် (၁၃၀၀ဝိ/-)၊ ဒီမွန် 1.8တံဆိပ် ထိသေ/စားသေ(အဆိပ်ငွေ့) 500cc တစ်ဗူးလျှင် (၁၃၃၀ဝိ/-)၊ ငှက်ကြီးတောင်တံဆိပ် ထိသေ/စားသေ(အဆိပ်ငွေ့) 250ccတစ်ဘူးလျှင် (၃၉၀၀ဝိ/-)၊ ဇိုင်ကလုံးတံဆိပ် ပင်လုံးပြန့် 1Liter တစ်ဘူးလျှင် (၂၅၅၀ဝိ/-)ဖြစ်ကြောင်း၊ ယခင်နိုဝင်ဘာလ ဒုတိယအပတ်နှင့် ယခုနိုဝင်ဘာတတိယအပတ် အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းနှိုင်းယှဉ်ပါက ဓါတ်မြေဩဇာ ဈေးနှုန်းများမှာ ယခင်အပတ်တိုင်းဈေးငြိမ်နေပြီး ပိုးသတ်ဆေးဈေးနှုန်းများမှာ ယခင်နိုဝင်ဘာလ ဒုတိယအပတ်ထက် အနည်းငယ်မြင့်တက်နေကြောင်း သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)