ချင်းပြည်နယ်၊ ပြည်နယ်စားသုံးသူရေးရာဦးစီးဌာနမှ အခြေခံပညာအထက်တန်းကျောင်း (အ.ထ.က) (၁) တွင် စားသုံးသူအကာကွယ်ပေးရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲပြုလုပ်

Powered by Drupal

   စားသုံးသူရေးရာဦးစီးဌာန၊ ချင်းပြည်နယ်ဦးစီးမှူးရုံးမှ ဒေါ်သူဇာမြင့်(ဦးစီးမှူး)၊ ဦးသိန်းထိုက်အောင်(ဒု-ဦးစီးမှူး)နှင့် ဒေါ်ထားမဲင်းဇိန်(ရုံးအကူမှူး)တို့သည် ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ ၁၆ရက်နေ့၊ နံနက် (၁၀:၃၀) နာရီအချိန်တွင် ဟားခါးမြို့၊ ပြည်တော်သာရပ်ကွက်ရှိ အခြေခံပညာအတန်းကျောင်း (အ.ထ.က) (၁)၊ ဗိုလ်တိုက်ချွန်းခန်းမ၌ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပခဲ့ပါသည်။

     အဆိုပါဟောပြောပွဲအခမ်းအနားတွင် စာသုံးသူရေးရာဦးစီးဌာနမှ ဒေါ်သူမြင့်က စားသုံးသူ၏အခွင့်အရေး(၈)ချက်နှင့်  တာဝန်ဝတ္တရားများကို ရှင်းလင်းဆွေးနွေးခြင်း၊ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားရှိခြင်းမရှိသည့် မည်သည့်စားသောက်ကုန်ပစ္စည်းမဆို ဝယ်ယူစားသုံးခြင်းမှ ရှောင်ကြဉ်ကြရန်နှင့် အကြောင်းအမျိုးမျိုးကြောင့် ဝယ်ယူစားသုံးမိ၍ မိမိ၏ရုပ်ပိုင်းဆိုင်ရာဖြစ်စေ၊ စိတ်ပိုင်းဆိုင်ဖြစ်စေ ထိခိုက်လာပါက  ချင်းပြည်နယ်ဦးစီးမှူးရုံးရှိ စားသုံးသူသတင်းပြန်ကြားရေးနှင့်တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ(CICC)သို့ ဖုန်းဖြင့်သော်လည်းကောင်း၊ လူကိုယ်တိုင်လာရောက်၍သော်လည်းကောင်း ဆက်သွယ်တိုင်ကြားနိုငါကြောင်း ရှင်းလင်းခဲ့ရာ  အခမ်းအနားသို့တက်ရောက်လာသော ဆရာ/မများနှင့် ကျောင်းသား/သူများက စားသုံးသူအခွင့်အရေးဆိုင်ရာနှင့်စပ်လျဉ်း၍ သိရှိလိုသည်များမေးမြန်းခဲ့ကြပြီး တာဝန်ရှိသူက အသေးစိတ်ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့သည်။ အဆိုပါအခမ်းအနားသို့ ဆရာ/မများနှင့် ကျောင်းသား/သူစုစုပေါင်း(၂၂၇)ဦးတက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။ 

DOCA(ချင်း)