စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှု၊ ပခုက္ကူခရိုင်ဦးစီးမှူး၏ကြီးကြပ်မှုဖြင့် (၁၆-၁၁-၂၀၂၃)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် ပခုက္ကူခရိုင်ဦးစီးမှူးရုံး (CICC) ခန်းမ၌ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးအထောက်အကူပြုစေရန် Thursday Talk အသိပညာပေးဟောပြောဆွေးနွေးပွဲကျင်းပပြုလုပ်ခဲ့ရာ ဝန်ထမ်း(၁၇)ဦးတက်ရောက်ခဲ့ပါသည်။
အဆိုပါ Thursday Talk အသိပညာပေးဆွေးနွေးပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူး ဦးဝေဠုအောင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဒုတိယဦးစီးမှူး ဒေါ်ခင်သူဇာက ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းစဉ်ဆိုင်ရာ ညွှန်ကြားချက်(၁/၂၀၂၂)ပါ အပိုဒ်(၁)မှ(၃၉)ထိ အသေးစိတ်ရှင်းလင်းဆွေးနွေးခြင်း၊ ဒုတိယဦးစီးမှူး ဒေါ်နွယ်နွယ်အေးက စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉) ပြဋ္ဌာန်းချက်ပါ အခန်း(၁၁)ပါ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်း၊ အခန်း(၁၂)ပါ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံပေးထားမှုအပေါ် စားသုံးသူတောင်းဆိုနိုင်သည့်အခွင့်အရေး၊ အခန်း(၁၃)ပါ ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်းနှင့် အခန်း(၁၄)ပါ ဝန်ဆောင်မှုလုပ်ငန်းများ၏ အာမခံချက်နှင့်စပ်လျဉ်း၍ စားသုံးသူကတောင်းဆိုနိုင်သည့် အခွင့်အရေးများအား မိမိ၏ကိုယ်တွေ့အကြောင်းအရာများနှင့်ဆက်စပ်ပြီး ဌာနတွင်လုပ်ကိုင်ဆောင်ရွက်နေရသော လုပ်ငန်းအတွေ့အကြုံများနှင့်ပေါင်းစပ်၍ အကျယ်တဝင့်ဆွေးနွေးခြင်းနှင့် အငယ်တန်းစာရေး ဒေါ်သီတာနွယ်က စားသုံးသူကာကွယ်ရေးဥပဒေပါ အခန်း(၁၈) ကုန်အညွှန်း အမှတ်အသားဖော်ပြခြင်းနှင့် အခန်း(၁၉)တိုင်ကြားခြင်းနှင့် စိစစ်ညှိနှိုင်းဖြေရှင်းဆောင်ရွက်ခြင်းဥပဒေ ပုဒ်မ ၄၁မှ ဥပဒေပုဒ်မ ၅၁ထိ ရှင်းလင်းဆွေးနွေးခဲ့ပါသည်။
ဆက်လက်၍ ဦးဝေဠုအောင်က ယခုကဲ့သို့ရှင်းလင်းဆွေးနွေးခဲ့သူများကိုလည်း ကျေးဇူးတင်ပါကြောင်း၊ တက်ရောက်လာသည့်ဝန်ထမ်းများလည်း စားသုံးသူကာကွယ်ရေးဥပဒေနှင့် ဌာနခွဲများမှ လုပ်ငန်းများကိုလည်းနားလည်စေရန်အတွက် Thursday Talk ကို လစဉ်ပြုလုပ်ရခြင်းဖြစ်ကြောင်းနှင့် နောင်လာမည့် Thursday Talk များတွင် စားသုံးသူကာကွယ်ရေးဥပဒေ၊ နည်းဥပဒေများသာမက ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြုမည့်ဒေသထွက်ကုန်များ၊ စိုက်ပျိုးသီးနှံများအကြောင်းကိုလည်း ထည့်သွင်းဆွေးနွေးသွားရန်လိုအပ်ကြောင်းပြောကြားခဲ့ပါသည်။
DOCA(မကွေး)