စားသုံးသူရေးရာဉီးစီးဌာန၊ မြောက်ပိုင်းခရိုင်ဉီးစီးမှူးရုံးမှ ရုံးအုပ် ဒေါ်တင်တင်ဌေးနှင့် ဝန်ထမ်း(၂)ဦးတို့သည် (၂၁-၁၁-၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် တိုက်ကြီးမြို့နယ်၊ အခြေခံမူလတန်ကျောင်း၌ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲဆောင်ရွက်ခဲ့ပါသည်။
ရှေးဦးစွာ တိုက်ကြီးမြို့နယ်၊ ဇရပ်ဖြူကျေးရွာ၊ အခြေခံမူလတန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်နေနွယ်ဦးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြောက်ပိုင်းခရိုင်ဉီးစီးမှူးရုံးမှ ရုံးအုပ် ဒေါ်တင်တင်ဌေးက စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောရာတွင် စားသုံးသူ၏အခွင့်အရေးများနှင့်လိုက်နာရမည့်တာဝန်များ၊ ကုန်စည်/ဝန်ဆောင်မှုနှင့်ပတ်သက်၍ ဖြေရှင်းဆောင်ရွက်ထားရှိမှုများ၊ အမှတ်တံဆိပ်မပါသောအစားအသောက်များကို ဝယ်ယူခြင်းမပြုရန်လိုအပ်ကြောင်း၊ ဘေးကင်းလုံခြုံသည့်အစားအသောက်များကိုသာ ရွေးချယ်ဝယ်ယူသည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ ကုန်စည်/ ဝန်ဆောင်မှုများနှင့်စပ်လျဉ်း၍ နစ်နာမှုများရှိပါက တိုင်ကြားနိုင်သည့်နည်းလမ်းများကိုဟောပြောဆွေးနွေးခဲ့ရာ ဟောပြောပွဲသို့ ဆရာမ၊ ကျောင်းသား/ကျောင်းသူစုစုပေါင်း (၆၇)ဦး တက်ရောက်ခဲ့ကြပြီး စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ရန်ကုန်)