မုံရွာမြို့၊ ပြည်ထောင်စုဈေးတွင် အခြေခံစားသောက်ကုန်များကို သက်သာသောဈေးနှုန်းဖြင့် အပတ်စဉ် ရောင်းချပေး

Powered by Drupal

   စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့်  စိုက်ပျိုး၊ မွေးမြူထုတ်လုပ်သူများက ဆန်၊ ဆီ၊ ကြက်ဥနှင့် တန်ဖိုးသင့် ဒေသထွက် ဟင်းသီးဟင်းရွက်သီးနှံများကို မုံရွာမြို့၊ ပြည်ထောင်စုဈေး၌ ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ စတုတ္ထပတ် ၂၅ရက်နေ့၊  နံနက် (၇:၀၀) နာရီအချိန်တွင် သက်သာသောဈေးနှုန်းဖြင့် အပတ်စဉ် ရောင်းချပေးလျက်ရှိသည်။

   ထိုသို့ရောင်းချခဲ့ရာတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဦးမြတ်ကျော်၏ ကြီးကြပ်မှုဖြင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ စိုက်ပျိုး‌ရေးဦးစီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနတို့သည် အခြေခံစားသောက်ကုန်ဈေးနှုန်းများကြီးမြင့်မှုမရှိစေရေးအတွက် ကိုယ်တိုင်စိုက်ပျိုး/ မွေးမြူ/ ထုတ်လုပ်သူများနှင့်ပူးပေါင်းကာ စားအုန်းဆီတစ်ပိဿာလျှင် ၅၀၀၀ကျပ်ဖြင့် ဝယ်ယူသည့်ပြည်သူများအဆင်ပြေစေရန် ကောင်တာ (၅) ခုခွဲ၍ ဆီ (၁၀၀၀) ပိဿာ၊ ဆန်တစ်ပြည်လျှင် ၂၈၀၀ကျပ်၊ ဆန်(၂၄)ပြည်ဝင်အိတ်(၂၀)အိတ်၊  ကြက်ဥ (၅) လုံးပါတစ်ထုပ်လျှင် ၁၀၀၀ကျပ်၊ ကြက်ဥအလုံး(၂၇၀၀)လုံး၊ ငုံးဥ (၁၆) လုံးပါတစ်ထုပ်လျှင် ၁၀၀၀ကျပ်ဖြင့် အလုံး(၃၀၀၀)၊ ကြက်သားတစ်ပိဿာလျှင် (၈၀၀၀)ကျပ်၊ (၁၅၀) ပိဿာနှင့် ကြာဇံများ၊ ခေါက်ဆွဲခြောက်များ၊ ကုလားပဲမှုန့်များ၊ ကိတ်စို/ကိတ်ခြောက်များနှင့် ဒေသထွက် ဟင်းသီးဟင်းရွက်သီးနှံများကို ပြင်ပပေါက်ဈေးထက် သက်သာသောဈေးနှုန်းများဖြင့် ရောင်းချပေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(စစ်ကိုင်း)