“ တွံတေးမြိုနယ်ရှိ စားသောက်ကုန်ပစ္စည်းများတွင် ကုန်အညွှန်းအမှတ်အသားပြည်စုံစွာဖော်ပြထားခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေး”

Powered by Drupal

    ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်၊ ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချလျက်ရှိသော စားသောက်ကုန်ပစ္စည်းများအနက် သောက်ရေသန့်အမျိုးမျိုး၊ စည်သွပ်ဘူးအမျိုးမျိုးတို့ကို ဝယ်ယူသုံးစွဲရာ၌ စားသုံးသူပြည်သူများဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးရည်ရွယ်၍ ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ(၂၂)ရက်နေ့၊ နံနက် (၁၁း၀၀)နာရီအချိန်တွင် စည်ပင်သာယာမြို့မဈေးအတွင်း/ အပြင်နှင့် ဈေးသစ်ရပ်ကွက်အတွင်းရှိ ကုန်စုံဆိုင်၊ စတိုးဆိုင်များသို့သွားရောက်ကာ လုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ စားသောက်ကုန်များအပေါ်တွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားခြင်းရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခဲ့သည်။

     ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာ မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံတို့သည် မြို့နယ်စည်ပင်သာယာမြို့မဈေးအတွင်း၊ အပြင်နှင့်ရပ်ကွက်ကုန်စုံဆိုင်၊ စတိုးဆိုင်တို့တွင် ဖြန့်ဖြူးရောင်းချလျက်ရှိသော သောက်ရေသန့်ဘူးများအပေါ်တွင် ဖော်ပြပါရှိရမည့် ထားသိုသိမ်းဆည်းပုံအညွှန်း၊ ထုတ်လုပ်ကုန်ဆုံးရက်၊ စည်သွပ်ဘူးများအနေဖြင့် ထားသိုသိမ်းဆည်းပုံအညွှန်း၊ သုံးစွဲပုံနည်းလမ်း၊ ဓာတ်မတည့်ကြောင်းဖော်ပြချက်၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ ခွင့်ပြုချက်အမှတ်အသား၊ စတင်ထုတ်လုပ်သည့်ရက်စွဲ၊ ကုန်ဆုံးမည့်ရက်စွဲတို့မဖြစ်မနေဖော်ပြပါရှိသော သောက်ရေသန့်အမျိုးမျိုး၊ စည်သွပ်ဘူးအမျိုးမျိုးနှင့် အခြားစားသောက်ကုန်ပစ္စည်းများကိုသာ မိမိတို့၏ခရိုင်များတွင် ဖြန့်ဖြူးရောင်းချကြရန်၊ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာမပါရှိသော စားသောက်ကုန်များ၊ စံချိန်၊ စံညွှန်းများနှင့်ကိုက်ညီမှုမရှိသော စားသောက်ကုန်များမှာ စားသုံးသူပြည်သူများကို ဘေးအန္တရာယ်ဖြစ်စေနိုင်သောကြောင့် မိမိတို့အနေဖြင့် သတိပြုဝယ်ယူဖြန့်ဖြူးရောင်းချကြရန်နှင့် သက်ဆိုင်ရာဌာနများမှတားမြစ်ထားသော စားသောက်ကုန်ပစ္စည်း၊ လူသုံးကုန်ပစ္စည်းများ၊ မိမိတို့၏ဆိုင်များတွင် ဖြန့်ဖြူးရောင်းချနေခြင်းအား စစ်ဆေးတွေ့ရှိပါက သက်ဆိုင်ရာဌာနများ၏ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း လုပ်ငန်းရှင်များကို အသိပညာပေး၍ ဈေးကွက်စောင့်ကြည့်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)