ကော့သောင်းမြို့၊ အ.ထ.က (ခွဲ) အဏ္ဏဝါကျောင်းတွင် စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောခြင်းနှင့် ကျောင်းမုန့်ဈေးတန်းများအား ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

   ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ ၃၀ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ကော့သောင်းမြို့၊ အ.ထ.က(ခွဲ) အဏ္ဏဝါကျောင်း၌  ကော့သောင်းခရိုင်၊ စားသုံးသူကာကွယ်ရေးဦးစီးဌာနမှ ဒေါ်မြသီတာ(ဦးစီးအရာရှိ)သည် စားသုံးသူရေးရာဦးစီးဌာန၏မျှော်မှန်းချက်၊ ရည်မှန်းချက်၊ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ ကုန်စည်နှင့်ဝန်ဆောင်မှုများကို ဝယ်ယူသုံးစွဲသည့်အခါ နစ်နာဆုံးရှုံးမှုဖြစ်ပေါ်လာလျှင် တောင်းဆိုနိုင်သည့်နည်းလမ်းများအကြောင်းကို ဟောပြောပို့ချခဲ့ပြီး ဆက်လက်၍ တိုင်းဒေသကြီးအစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သဲဦးဗိုလ်(ဆေးဝါး)၊ ဒုကြီးကြပ်ရေးမှူး ဒေါ်သင်းသင်းနိုင်၊ ဒုကြီးကြပ်ရေးမှူးတို့ကလည်း အစားအသောက်နှင့်ဆေးဝါးဆေးပစ္စည်းနှင့်အလှကုန်များ ဘေးအန္တရာယ်ကင်းရှင်းစေရေးအကြောင်းကို အကျယ်တဝင့်ပြောကြားခဲ့ပါသည်။ ထိုနောက် အ.ထ.က(ခွဲ)အဏ္ဏဝါကျောင်းရှိ ကျောင်းမုန့်ဈေးတန်းရှိ သက်တန်းလွန်စားသောက်ကုန်များနှင့် စားသုံးရန်မသင့်သော စားသောက်ကုန်များအားစစ်ဆေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသားဖော်ပြပါရှိသော စားသောက်ကုန်များနှင့် ဘေးအန္တရာယ်ကင်းရှင်းသော စားသောက်ကုန်များကိုသာရောင်းချရန် ပြောကြားခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)