မုံရွာမြို့တွင် သောက်ရေသန့်အမျိုးမျိုးနှင့်ပတ်သက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

    စားသုံးသူရေးရာဦးစီးဌာနသည် ကုန်စည်/ဝန်ဆောင်မှုများနှင့်ပတ်သက်၍ စားသုံးသူများလုံခြုံစိတ်ချရမှုရှိစေရေး၊ ဘေးအန္တရာယ်ကင်းရှင်းရေး၊ နစ်နာဆုံးရှုံးမှုမရှိစေရေးနှင့် နစ်နာဆုံးရှုံးမှုများရှိလာပါက ဖြေရှင်းဆောင်ရွက်ပေးခြင်းတို့ကို အစဉ်တစိုက်ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။

     သောက်ရေသန့်အမျိုးမျိုးသည် နေ့စဉ် လူအများသောက်သုံးနေသော ကုန်စည်ဖြစ်ခြင်းကြောင့် စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစေရေး၊ လုံခြုံစိတ်ချရမှုရှိစေရေးရည်ရွယ်၍ ဈေးကွက်အတွင်း ထုတ်လုပ်ရောင်းချနေသော သောက်ရေသန့်များနှင့်ပတ်သက်၍ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)၊ ပုဒ်မ ၄၁ပါ ကုန်အညွှန်းအမှတ်အသားများနှင့်ကိုက်ညီမှုရှိ/မရှိ၊ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏  ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) ဖြင့် သောက်ရေသန့်နှင့်ပတ်သက်၍ ညွှန်ကြားထားသောကုန်စည်များတွင် မြန်မာဘာသာဖြင့် ဖော်ပြရမည့်အချက်များကို တိကျစွာဖော်ပြစေခြင်းအလို့ငှာ လိုက်နာဆောင်ရွက်မှုရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ကြပါသည်။

    မုံရွာခရိုင်ဦးစီးမှူးရုံးအနေဖြင့် (၂၃-၁၁-၂၀၂၃) ရက်နေ့တွင် ခရိုင်ဦးစီးမှူး၊  ဒု-ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်း(၁)ဦးတို့သည် မုံရွာမြို့၊ ချမ်းမြဝတီရပ်ရှိ ပင်လုံသောက်ရေသန့်စက်ရုံသို့လည်းကောင်း၊ (၂၄-၁၁-၂၀၂၃) ရက်နေ့တွင် မုံရွာမြို့၊ ချမ်းမြဝတီရပ်ရှိ ကောင်းကင်ယံသောက်ရေသန့်စက်ရုံနှင့် (၂၈-၁၁-၂၀၂၃) ရက်နေ့တွင် မုံရွာမြို့ပေါ်ရှိ လူသုံးကုန်နှင့် စားသောက်ကုန်ပစ္စည်းအရောင်းဆိုင်များသို့လည်းကောင်း၊ စုစုပေါင်း (၆)ဆိုင်သို့သွားရောက်၍ သောက်ရေသန့်အမှတ်တံဆိပ် (၁၀) မျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)