ပြည်နယ်စားသုံးသူရေးရာကော်မတီအနေဖြင့် စားသုံးသူပြည်သူလူထု၏အခွင့်အရေးနှင့် အကျိုးစီးပွားကိုမြှင့်တင်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ပေးလျက်ရှိ

Powered by Drupal

 ချင်းပြည်နယ်အတွင်းရှိ စားသုံးသူပြည်သူများ၏ အခွင့်အရေးနှင့်အကျိုးစီးပွားကို အကာကွယ်ပေးနိုင်ရန်အတွက် စားသုံးသူကော်မတီအစည်းအဝေး(၁၁/၂၀၂၃)ကို ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ ၂၉ရက်နေ့၊ နေ့လယ်(၁၅:၀၀)နာရီအချိန်တွင် ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး၊ စီးပွားရေးရာဝန်ကြီး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

     အစည်းအဝေးတွင် စားသုံးသူရေးရာကော်မတီဥက္ကဋ္ဌ စီးပွားရေးရာဝန်ကြီး ဦးဟန်ကျင့်ဇမ်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီးနောက် ၂၀၂၃ခုနှစ်၊  ပြည်နယ်စားသုံးသူရေးရာကော်မတီ (၁၀/၂၀၂၃) အစည်းအဝေးဆုံးဖြတ်ချက်များပေါ် သက်ဆိုင်ရာကော်မတီဝင်များအနေဖြင့် ဈေးကွက်အတွင်းသို့ သက်ဆိုင်ရာဌာနများက တရားမဝင်ကုန်စည်အဖြစ်ကြေညာထားသည့် ကုန်ပစ္စည်းများ  ဈေးကွက်အတွင်းသို့ ဝင်ရောက်မှုရှိ/မရှိစစ်ဆေးခြင်း စသည့် လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းဆွေနွေးခဲ့ပြီး မိမိတို့စားသုံးသူကော်မတီအဖွဲ့သည် စားသုံးသူအကာကွယ်ပေးရေးလုပ်ငန်းများကို ထိထိရောက်ရောက်ဆောင်ရွက်ပေးမည့် ကော်မတီဖြစ်သည့်အတွက် ကော်မတီအဖွဲ့ဝင်များအနေဖြင့် စားသုံးသူပြည်သူများအတွက် စိတ်ရင်းစေတနာထားကာ ပိုမိုကောင်းမွန်သော/ ပိုမိုထိရောက်သော ပူးပေါင်းဆောင်ရွက်မှုများဖြင့် ရှေးဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း၊ နိဂုံးချုပ်အနေဖြင့် ချင်းပြည်နယ်အတွင်းရှိ စားသုံးသူပြည်သူအားလုံးအတွက် ဘေးအန္တရာယ်ကင်းရှင်းပြီး ပိုမိုကောင်းမွန်သောကုန်စည်နှင့်ဝန်ဆောင်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရေး ဆက် လက်တာဝန်ယူဆောင်ရွက်ပေးသွားကြရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ချင်း)