ပြည်မြို့ရှိဈေးကွက်များတွင် ပဲစင်းငုံပြုတ်(အတွဲ)များရောင်းချလျက်ရှိ

Powered by Drupal

    ပြည်မြို့ရှိ ဈေးကွက်များအတွင်းသို့ ယခုအချိန်ဆောင်းဦးပေါက်ရာသီဖြစ်သော ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ တတိယပတ်တွင် ပဲစင်းငုံအတွဲ(ပြုတ်ပြီး)သားနှင့် ပဲစင်းငုံအစိမ်းအတွဲများကို ပြည်မြို့အနောက်ဖက်ကမ်း ရွှေဘုံသာကျေးရွာဘက်မှ ဈေးသည်များက လာရောက်ရောင်းချကြပါသည်။ ပဲစင်းငုံ (ပြုတ်) အတွဲများကို ဝယ်ယူစားသုံးသူများလည်းရှိသကဲ့သို့ တစ်ဆင့်ပြန်လည်ရောင်းချသူများကလည်း ဝယ်ယူကြသဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ ပဲစင်းငုံ(ပြုတ်)မှာ ရာသီစာ သားရေစာအစားအစာဖြစ်၍ ဝယ်ယူစားသုံးများကြောင်းသိရှိရပါသည်။ ဈေးကွက်တွင်ရောင်းချသော ပဲစင်းငုံ(ပြုတ်) အတွဲတစ်တွဲလျှင် ဖောက်သည်ဈေး ၂၅၀ကျပ်ဖြင့်ရောင်းချပြီး တစ်ဆင့်ခံဈေးသည်များက တစ်တွဲလျှင် ၃၀၀ကျပ်ဖြင့် ပြန်လည်ရောင်းချကြောင်းသိရပါသည်။ ပဲစင်းငုံ အစိမ်း(တွဲ)များကိုာ တစ်တွဲလျှင် ၂၀၀ကျပ်ဖြင့်ရောင်းချကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)