ဖြူးမြို့နယ်၊ မူလွန်ကျောင်းတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာပေး

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တာဝန်ခံရုံးမှ ဝန်ထမ်းများသည် ဖြူးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနတို့မှ တာဝန်ရှိသူများနှင့်အတူ ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ ၂၈ရက်နေ့၊ နံနက်ပိုင်းအချိန်တွင် ဖြူးမြို့နယ်၊ အခြေခံပညာမူလတန်းလွန်ကျောင်းတွင် ကျောင်းသူ/ကျောင်းသားများအား စားသုံးသူကာကွယ်ရေးဆိုင်ရာများ အသိပညာပေးဟောပြောခဲ့သည်။

       ဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ ဌာနခွဲမှူး ဒေါ်ပပလင်းက စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ စားသုံးသူနစ်နာဆုံးရှုံးမှုမဖြစ်ပေါ်စေရေးအတွက် စားသုံးသူရေးရာဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသည်များ၊ ကုန်စည်များဝယ်ယူရာတွင် ကုန်အညွှန်းအမှတ်အသားများဖတ်ရှုရန် အရေးကြီးပုံများကို ဟောပြောဆွေးနွေးခဲ့သည်။

     ထို့အတူ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်အိမာဟိန်းက စာဖတ်ခြင်း၏အကျိုးကျေးဇူးများကိုလည်းကောင်း၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ မြို့နယ်အားကစားမှူး ဒေါ်ယဉ်သူဇာလွင်က လူငယ်နှင့်အားကစားလှုပ်ရှားခြင်း၏အကြောင်းကိုလည်းကောင်း ဟောပြောခဲ့သည်။

     ဟောပြောပွဲသို့ ကျောင်းသားကျောင်းသူ ၇၀ဦးတက်ရောက်ခဲ့ကြောင်းနှင့် ဟောပြောပွဲအပြီးတွင် မြို့နယ်တာဝန်ခံ စစ်ဆေးရေးမှူး ဒေါ်သန္တာစိုးသည် ကျောင်းမုန့်ဈေးတန်းတွင်ရောင်းချလျက်ရှိသော အသင့်စားမုန့်များနှင့် အချိုရည်များ၌ မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားဖော်ပြထားခြင်းရှိ/မရှိကို စောင့်ကြည့်စစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)