![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/899.jpg?itok=Ekss2ybb)
တောင်ငူမြို့နယ်၊ ဆိပ်ဖူးတောင်ကျေးရွာအုပ်စု၊ ဘုရားခြေရင်းကျေးရွာရှိ ကိုအာဂျွန်းပလတ်စတစ်ဘူးခွံလုပ်ငန်းတွင် ၁လီတာ၊ ၀.၇လီတာ၊ ၀.၅လီတာနှင့် ၀.၃၅လီတာဆံ့ ပလတ်စတစ်ဘူးခွံများ ထုတ်လုပ်ရောင်းချလျက်ရှိသည်။
ပလတ်စတစ်ဘူးခွံကုန်ကြမ်းများကို အများအားဖြင့် နေပြည်တော်မှမှာယူရရှိပြီး ရံဖန်ရံခါတွင် ရန်ကုန်မြို့မှလည်းမှာယူရရှိပါသည်။ ပလတ်စတစ်ဘူးခွံပုံစံငယ်များကို ပုံသွင်းစက်တွင်လိုအပ်သော ဘူးခွံများဖြစ်အောင်ထုတ်လုပ်ရပါသည်။ ကုန်ကြမ်းပလတ်စတစ်ဘူးပုံစံများမှာ အကြီး/ အသေးအလိုက် ဆိုဒ်မျိုးစုံရှိပါသည်။
ပလတ်စတစ်ဘူးခွံလုပ်ငန်းအတွက် နေ့စဉ် လုပ်သား ၅ဦးမှ ၈ဦးအထိအသုံးပြုရပါသည်။ ထုတ်လုပ်မှုအနေဖြင့် လျှပ်စစ်မီးရရှိမှုပေါ်မူတည်၍ တစ်နေ့လျှင် ဘူးခွံ (၁၀၀၀မှ ၁၅၀၀) ဘူးအထိထုတ်လုပ်ရရှိကြောင်းသိရှိရပါသည်။
ဈေးနှုန်းအနေဖြင့် ၁လီတာဆံ့ ပလတ်စတစ်ဘူးခွံတစ်ဘူးလျှင် ၁၈၅ကျပ်ဖြင့်လည်းကောင်း၊ ၀.၅လီတာဆံ့ ဘူးခွံတစ်ဘူးလျှင် ၁၅၀ကျပ်ဖြင့်လည်းကာင်း ရောင်းချပေးလျက်ရှိပါသည်။ ဈေးကွက်အနေဖြင့် ရန်ကုန်မြို့သို့ အဓိကတင်ပို့ရောင်းချပြီး တောင်ငူမြို့ပေါ်နှင့် ဒေသအနီးအနားရှိ မြို့များမှ ဆီလုပ်ငန်းရှင်များကလည်းဝယ်ယူကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)