ဘားအံမြို့ ရုံးပတီသီးဈေးကွက်

Powered by Drupal

         ဘားအံမြို့ရှိ ကျေးရွာများမှ ဒေသခံတောင်သူများအနေဖြင့် မိသားစုအပိုဝင်‌ငွေရရှိစေရေး ရုံးပတီသီးများ တစ်ပိုင်တစ်နိုင် စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။ ဒေသခံတောင်သူများသည် မိမိတို့စိုက်ခင်း မှထွက်ရှိလာသော ရုံးပတီသီးများအား ဘားအံမြို့ပေါ်ရှိ ဈေးများတွင် လာရောက်ရောင်းချလျက်ရှိ ကြောင်း သိရသည်။ ဒေသခံများ လာရောက်ရောင်းချသော ရုံးပတီသီးများ၏ ဈေးနှုန်းများမှ တစ်ပိဿာ လျှင် ၃၀၀၀ ကျပ်နှုန်းဖြင့် လည်းကောင်း၊ သုံးဆယ်ကျပ်သားလျှင် ၁၀၀၀ ကျပ်နှုန်းဖြင့်လည်းကောင်း၊ ငါးတောင့်စီး (၁)စီး လျှင်- ၃၀၀ ကျပ် (၂)စီး- ၅၀၀ ကျပ်နှုန်းဖြင့်လည်းကောင်း  ဈေးကောင်းရရှိပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

          ရုံးပတီသီးကို ပုံမှန်စားသုံးခြင်းဖြင့် ခန္ဓာကိုယ်တွင်းမှာ ပြောင်းလဲမှုများစွာဖြစ်ပေါ်စေနိုင်သည်။ ရုံးပတီသီးဟာ အမျှင်ဓါတ်အလွန်ကြွယ်ဝစွာပါဝင်သည့်အတွက် အစာခြေစနစ် ကောင်းမွန်စေခြင်း၊ ဆီးချိုသမားများအတွက်လည်း Glucose level ကို ထိန်းချုပ်ပေးခြင်း၊ သွေးတွင်းသကြားဓါတ်ကို လိုတာထက်ပိုမများအောင် ထိန်ချုပ်ပေးခြင်း၊ ဖောလစ်အက်ဆစ် ကြွယ်ဝစွာပါဝင်သည့်အတွက် ကိုယ်ဝန်ဆောင်များစားသုံးပေးပါက သားအိမ်တွင်းရှိ သန္ဓေသား ကိုယ်လက်အင်္ဂါချို့ယွင်းမှုများ မဖြစ်အောင်စွမ်းဆောင်နိုင်ခြင်း၊ ဗီတာမင် K နှင့် ဖောလစ်အက်ဆစ်က အရိုးပွခြင်းမဖြစ်အောင် ကာကွယ်ပေးနိုင်ခြင်း၊ ဗီတာမင် C ပါဝင်တဲ့အတွက် ကင်ဆာဖြစ်စေနိုင်တဲ့ ဓါတ်တွေမှကာကွယ်ပေးခြင်းသလို ပန်နာ ရင်ကြပ် သမားတွေကို အထူးသက်သာစေနိုင်သည့်အတွက် ကျန်းမာရေးနှင့်ညီညွတ်ပြီး စားသုံးပေးသင့်သော သီးနှံတစ်မျိုးကြောင်း သိရှိရပါသည်။

          ကျန်းမာရေးအတွက်များစွာ အထောက်အကူပြုသည် ရုံးပတီသီးကို စျေးများတွင် အလွယ်တကူဝယ်ယူ၍ ကြော်စားခြင်း၊ ချဉ်ဟင်းချက်စားခြင်း၊ ပြုတ်ပြီး အတို့အမြုပ်အဖြစ် စားသုံးခြင်း၊ ကင်ပြီးဖြစ်ဖြစ် ဆီပူထိုးပြီးဖြစ်ဖြစ် အချဉ်ရည်တို့နဲ့တို့စားခြင်းစသည့်ဖြင့် အမျိုးမျိုးပြုလုပ်၍  စားသုံးသင့်ကြောင်း ရေးသား ဖော်ပြလိုက်သည်။

DOCA(ကရင်)