စားသုံးဆီထုတ်လုပ်/ထုပ်ပိုးသော လုပ်ငန်းရှင်များအား ကောင်းမွန်သောထုတ်လုပ်မှုကျင့်စဉ်နှင့်အညီ ဆောင်ရွက်နိုင်ရေး အသိပညာပေးသင်တန်းပြုလုပ်

Powered by Drupal

   ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ (၃၀)ရက်နေ့၊ နံနက်(၉း၀၀)နာရီအချိန်တွင် နေပြည်တော်၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနခန်းမ၌ စားသုံးဆီထုတ်လုပ်/ထုပ်ပိုးသော လုပ်ငန်းရှင်များအား ကောင်းမွန်သောထုတ်လုပ်မှုကျင့်စဉ်နှင့်အညီ ဆောင်ရွက်နိုင်ရေး အသိပညာပေးသင်တန်းပြုလုပ်ခဲ့ပါသည်။ အဆိုပါသင်တန်းတွင် စားသုံးသူရေးရာဦးစီးဌာန၊ နေပြည်တော်ဦးစီးမှူးရုံးက အရာထမ်း/အမှုထမ်း(၅)ဦး၊ ဆီစက်လုပ်ငန်းရှင်(၁၂)ဦးနှင့် ဌာနဆိုင်ရာဝန်ထမ်း(၈)ဦးတို့တက်ရောက်ခဲ့ကြပြီး အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ အစားအသောက်ဌာနခွဲမှ ညွှန်ကြားရေးမှူး၊ ဒေါက်တာပြည့်ဖြိုးက ကောင်းမွန်သန့်ရှင်းသောထုတ်လုပ်မှုကျင့်စဉ်နှင့် စားသုံးဆီထုတ်လုပ်မှုနည်းစဉ်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခြင်း၊ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာဝင်းလဲ့ဖြူက အသင့်ထုပ်ပိုးထားသောအစားအသောက်များ အမှတ်တံဆိပ်ကပ်ခြင်းဆိုင်ရာ အမိန့်ညွှန်ကြားချက်အမှတ်(၈/၂၀၂၂)တွင်ပါဝင်သည့် မဖြစ်မနေဖော်ပြရမည့်အချက်များနှင့် FDA ‌ထောက်ခံချက်ရရှိရန် ဆောင်ရွက်ထားရှိရမည့် အချက်(၇၂)ချက်တို့ကိုရှင်းလင်းပြောကြားခြင်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဒေါက်တာဥက္ကာဖြိုးက အစားအသောက်ထုတ်လုပ်ခြင်းထောက်ခံချက်အား Online e-submission system ဖြင့် လျှောက်ထားနိုင်မှုလုပ်ငန်းစဉ်နှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ၎င်းနောက် နေ့လယ်(၁၅း၀၀)နာရီအချိန်တွင် သင်တန်းပြီးဆုံးမှုစစ်ဆေးခြင်း (Post Test) ပြုလုပ်၍ တက်ရောက်လာသော ဆီလုပ်ငန်းရှင်များအား သင်တန်းတက်ရောက်ကြောင်းလက်မှတ်များပေးအပ်ပြီး ညနေ (၁၆း၀၀)နာရီအချိန်တွင် သင်တန်းပြီးမြောက်ကြောင်းသိရှိရပါသည်။

DOCA(နေပြည်တော်)