မုံရွာခရိုင်၊ မုံရွာမြို့နယ်အတွင်း သက်သာသောဈေးနှုန်းဖြင့် စားအုန်းဆီဖြန့်ဖြူးရောင်းချ

Powered by Drupal

         မုံရွာခရိုင်အတွင်းရှိ စားသုံးသူပြည်သူများ စားသုံးဆီပြတ်လပ်မှုမရှိစေရေး၊ ဈေးနှုန်းချိုသာ၍ အရေအတွက်အလေးချိန်နှင့်အရည်အသွေး ပြည့်ဝမှန်ကန်စွာ ရရှိနိုင်ရေးအတွက် စားသုံးသူရေးရာဦးစီးဌာန၊ မြန်မာနိုင်ငံဆီကုန်သည်များနှင့်ဆီလုပ်ငန်းရှင်များအသင်း၊  မုံရွာခရိုင် စားသုံးဆီကုန်သည်များနှင့် စားသုံးဆီလုပ်ငန်းရှင်များအသင်းမှ ပူးပေါင်း၍ စားအုန်းဆီများ ဖြန့်ဖြူး ရောင်းချပေးလျက်ရှိကြောင်း သိရသည်၊၊

        စားအုန်းဆီများရောင်းချရာတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီမှ ထုတ်ပြန်ပေး လျက်ရှိ သောစားအုန်း ဆီ တစ်ပိဿာရည်ညွှန်းဈေးအပေါ် အခြေခံ၍ သယ်ယူပို့ဆောင်ခပါ ကုန်ကျစရိတ်တွင် အမြတ် ၂ ရာခိုင်နှုန်းတွက်ချက်၍ ရောင်းချပေးခြင်းဖြစ်ပြီး လူတစ်ဦးလျှင် ၁ ပိဿာနှုန်းဖြင့် ရောင်းချပေးကြောင်း သိရှိရပါသည်။

          မုံရွာခရိုင်အတွင်း (၁.၁၁.၂၀၂၃) ရက်နေ့မှ (၁၉.၁၁.၂၀၂၃) ရက်နေ့ ထိ စားအုန်းဆီ ပိဿာချိန် (၅၀၀၅၀) ပိဿာခန့် တစ်ပိဿာလျှင် ၅၀၀၀ ကျပ်ဖြင့် လည်းကောင်း၊ (၂၀.၁၁.၂၀၂၃) ရက်နေ့မှ (၃၀.၁၁.၂၀၂၃) ရက်နေ့ထိ စားအုန်းဆီပိဿာချိန် (၃၀၈၀၀) ပိဿာခန့် တစ်ပိဿာလျှင် ၅၄၅၀ ကျပ်ဖြင့် လည်းကောင်း  စုစုပေါင်း ပိဿာချိန် (၈၀၈၅၀) ပိဿာခန့်အား လူစည်ကားရာ ရပ်ကွက်များ၊ ဈေးများအပြင် ဌာနဆိုင်ရာများ၊ တပ်ရင်းတပ်ဖွဲ့များ၊ မြို့စွန်ရပ်ကွက်များသို့ပါ ဈေးကားများဖြင့် လှည့်လည် ရောင်းချလျက်ရှိ ကြောင်း မုံရွာခရိုင် စားသုံးဆီကုန်သည်များနှင့် စားသုံးဆီလုပ်ငန်းရှင်များ ထံမှသတင်း ရရှိပါသည်။

DOCA(စစ်ကိုင်း)