အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအသိပညာပေးရှင်းလင်းခြင်းကို (၃၀-၁၁-၂၀၂၃) ရက်နေ့၊ နေ့လယ် (၁၃း၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံး၌ ဦးစီးအရာရှိ ဦးမျိုးဝင်းနိုင်ကဦးဆောင်၍ ပြုလုပ်ခဲ့ကြောင်းသိရသည်။
ဦးမျိုးဝင်းနိုင် (ဦးစီးအရာရှိ)က အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးလုပ်ငန်းများကို အောင်မြင်စွာအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ဝန်ကြီးဌာနအလိုက် အဂတိလိုက်စားမှု တာဆီးကာကွယ်ရေးအဖွဲ့များဖွဲ့စည်း၍ အဂတိလိုက်စားမှုပြဿနာပေါ်ပေါက်နိုင်သောအခြေအနေများကို ကြိုတင်စိစစ်ဖော်ထုတ်ခြင်း၊ ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်ခြင်း၊ အဂတိလိုက်စားမှုအန္တရာယ်ဖြစ်နိုင်ခြေရှိမှုကို ဆန်းစစ်အကဲဖြတ်ခြင်းနှင့် အဂတိလိုက်စားမှုများဆက်လက်မဖြစ်ပေါ်စေရေးအတွက် တားမြစ်ထိန်းချုပ်ခြင်း၊ အဂတိလိုက်စားမှုကြောင့် နိုင်ငံတော်ပိုင် ငွေကြေးပစ္စည်းများ၊ လူ့အဖွဲ့အစည်းနှင့် နိုင်ငံသားများ၏ အခွင့်အရေးနှင့်အကျိုးစီးပွားများကို ထိခိုက်မှုမရှိစေရေးအတွက် အကာအကွယ်ပေးခြင်း၊ အဂတိလိုက်စားမှုကျူးလွန်သူများအား ထိရောက်စွာအရေးယူခြင်း၊ ဝန်ထမ်းများအနေဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေကိုသိရှိနားလည်ပြီး အဂတိကင်းစင်သည့် ဝန်ထမ်းကောင်းများဖြစ်လာစေရန်ရည်ရွယ်၍ ရှင်းလင်းဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်း၊ ဝန်ထမ်းများအနေဖြင့် လုပ်ငန်းများဆောင်ရွက်ရာတွင် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံး/ လုပ်နည်း စံသတ်မှတ်ချက်များနှင့်အညီ အဂတိတရားကင်းရှင်းစွာ အလေးထားဆောင်ရွက်နိုင်ရေး အကျယ်တဝင့်ဆွေးနွေးခဲ့ပါသည်။ အဆိုပါဟောပြောပွဲတွင် ပြည်နယ်မှ ဝန်ထမ်း(၁၃)ဦးတက်ရောက်ခဲ့ပြီး အစည်းအဝေးကို နေ့လယ် (၁၅း၀၀) နာရီအချိန်တွင် ရုပ်သိမ်းခဲ့ကြောင်းသိရှိရပါသည်။
DOCA(ကရင်)