ကုန်သွယ်လယ်ယာဝန်ထမ်းဟောင်း/ စားသုံးသူရေးရာဦးစီးဌာနဝန်ထမ်းများ လူမှုကူညီရေးအဖွဲ့လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၂/၂၀၂၃) ကျင်းပ

Powered by Drupal

    စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံး၌ ကုန်သွယ်လယ်ယာဝန်ထမ်းဟောင်းများ၊ စားသုံးသူရေးရာဦးစီးဌာနဝန်ထမ်းများသည် (၁-၁၂-၂၀၂၃) ရက်နေ့တွင် လူမှုကူညီရေးအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကိုကျင်းပပြုလုပ်ခဲ့ရာ အသင်းဝင်စုစုပေါင်း (၂၄) ဦးတက်ရောက်ခဲ့သည်။

   အစည်းအဝေးတွင် ဥက္ကဋ္ဌက အဖွင့်အမှာစကားပြောကြားခြင်း၊ စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးက ရန်ပုံငွေရရှိမှုနှင့် ကူညီထောက်ပံ့ပေးခဲ့မှုအား ပြောကြားခြင်း၊ မတည်ရန်ပုံငွေများထည့်ဝင်လှူဒါန်းခြင်း၊ တက်ရောက်လာသူများက အပြန်အလှန်ဆွေးနွေးခဲ့ကြပြီး ဆုံးဖြတ်ချက် (၇) ချက်ချတ်မှတ်ခဲ့သည်။ ယခုကဲ့သို့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ခြောက်လတစ်ကြိမ် ပုံမှန်ကျင်းပသွားမည်ဖြစ်ပြီး အသင်းနှစ်ပတ်လည်အခမ်းအနားကိုလည်း နှစ်စဉ်ကျင်းပသွားမည်ဖြစ်ကြောင်းသိရှိရပါသည်။

DOCA(မွန်)